နမ့်စန်မြို့ လောင်းကစားရုံ (၄) လကြာထိ ဖွင့်လှစ်ထားနေဆဲ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မဟာဂျာဦးဆောင်သည့် ပြည်သူ့စစ် တပ်ဖွဲ့ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းသည် (၄) လကြာ ဖွင့်လှစ်နေဆဲ ဟု နမ့်စန်ဒေသခံများက သတင်းပေးလာသည်။

လောင်းကစား

ပြီးခဲ့သည့် မေလပိုင်းစတွင် လောင်းကစားဝိုင်းများကို နမ့်စန်မြို့ပြင်ဘက် မိုးနဲမြို့သို့ သွားသည့်လမ်းတွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားရာ ယခုကာလတွင် (၄) လကြာ ဖွင့်လှစ်လာကြောင်း၊ ည ၁၀ နာရီအချိန် နောက်ပိုင်းတွင် ဂီတတီးဝိုင်း အဆိုတော်များဖြင့် ညစဉ်ညတိုင်း ဖွင့်လှစ်နေဆဲ ဟု နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးထံ မှသိရသည်။

“ လောင်းကစားက ဖွင့်ထားတာ (၄) လကြာပြီ။ နေရာလည်းမပြောင်းသေးဘူး၊ အခုထိ ဖွင့်ထားနေသေးတယ်။ လောင်းကစားဝိုင်းက မိုးရွာတဲ့ညကလွှဲလို့ ကျန်တဲ့ညတွေမှာ အမြဲဖွင့်ထားတယ်။ ည ၁၀ နာရီ နောက်ပိုင်းဆို သီချင်းတွေ ဆိုတယ်။ ညတိုင်းပါပဲ အခုထိလူတွေ စည်နေတုန်းပဲ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်း ဖွင့်လှစ်ထားခြင်းကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ကြပ်တည်းခြင်း၊ မိသားစုဝင်များ မကြာခဏ စကားများ ရန်ဖြစ်ငြင်းပွားကြရာ အိမ်ထောင်များ ပြိုကွဲခြင်းများ၊ နေ့စားအလုပ် လုပ်သောလူငယ်များလည်း ထိုလောင်းကစားဝိုင်းတွင် ညစဉ်တိုင်းလောင်းကစားပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“ လောင်းကစားကြောင့် အိမ်ထောင်ကွဲတာ၊ ရှိသမျှ ကား၊ ဆိုင်ကယ် တွေပေါင်ထားတာတွေ မနည်းတော့ဘူး။ သူတို့အတွက် နေသားကျနေပြီ။ အခုကုန်ပစ္စည်းတွေ တက်နေတဲ့ချိန်မှာ စားသောက်ဖို့အတွက် လောင်းကစား ဝိုင်းမှာ လောင်းကြ၊ ရှိသမျှ ပေါင်ကြတော့ ဘာမှမကျန်ဘူး။ နေ့စားအလုပ်လုပ်တဲ့ လူငယ်တွေလည်း အဲ့နေရာမှာ ညတိုင်းလောင်းကစား လုပ်နေတုန်းပဲ “ ဟု အထက်ပါ ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ လောင်းကစားရုံများကို ဌာနေပြည်သူ့စစ်၊ စစ်ကောင်စီ အုပ်စုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာသည်။ ထိုကဲ့သို့ လောင်းကစားရုံများကို နေရာတိုင်း လွတ်လပ်စွာ ဖွင့်လှစ်လာသည့်နောက်ပိုင်း ပြည်သူများ၏ လုံခြုံရေးလည်း ယိုယွင်း ပျက်စီး လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...