တောင်ကြီးမြို့ တပ်နယ်မြေဧရိယာပေါ်ရှိ ဆိုင်ခန်းများကို စစ်ကောင်စီဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဧရိယာဟု သတ်မှတ်ထားသော နယ်မြေများတွင် ရောင်းချနေသည့် ဆိုင်ခန်းများကို စစ်ကောင်စီ အုပ်စုမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။

တောင်ကြီး စစ်တပ်နယ်မြေဟု သတ်မှတ်ထားသော အနောက်မြို့ပတ်လမ်းရှိ မောချယ်ရီကားဂိတ်များ အနက်သစ်တောဂိတ် ဧရိယာ၊ (212) ဈေး တဝိုက်ရှိသော ဆိုင်ခန်းများ၊ မြို့၏ အရှေ့ဘက် တောင်တန်းရှိ ရွှေဘုန်းပွင့် နှင့် မြစိမ်းတောင် ဘုရား စသည့် တပ်ပိုင်နယ်မြေဟု သတ်မှတ်ထားသော နယ်မြေများပေါ်ရှိ ဆိုင်ခန်းများ တောက်လျောက် ဖယ်ရှားခိုင်းကြောင့် တောင်ကြီးဆိုင်ခန်းငှားနေသူ တစ်ဦးထံမှ သိရသည်။

212 ရဲဘော်စျေး

“မောချယ်ရီကားဂိတ်ကို ပြောင်းရွှေ့ခိုင်းမယ် ကတည်းက သူတို့တောက်လျောက် လုပ်နေတာပဲ။ အခု (212) ဈေးနားမှာ ရှိတဲ့ဆိုင်ခန်းတွေလည်း ဖယ်ရှားခိုင်းနေတယ်။ တောက်လျောက် သူတို့တပ်ပိုင် သိမ်းထားတဲ့ နယ်မြေမှာတော့ အခုလိုပဲ ဆက်လက် ဖယ်ရှားခိုင်းနေတယ်လို့ ကြားရတယ် “ ဟု ၎င်း ဆိုင်ခန်းငှားနေသူ တစ်ဦးထံ မှ သိရသည်။

အဆိုပါ စစ်ကောင်စီမှ တပ်ပိုင်နယ်မြေဟု သတ်မှတ်ထားသော နယ်မြေပေါ်ရှိ ဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းရာမှ စစ်ကောင်စီ တပ်ဖွဲ့များက စီးပွားတစ်ခုလုပ်ဆောင်နေကြောင်း တောင်ကြီးဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက သုံးသပ်ထားသည်။

“ကျနော် အမြင်ခန့်မှန်းချက်ကတော့ လုံခြုံရေးအရ ရွှေ့ခိုင်းတာလား။ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ချထားချင်လို့လား။ ဒီတပ်မြေနယ်ကို သူတို့က အဆောက်အအုံတစ်ခုတွေလုပ်ပြီး စီးပွားရေးအတွက် လုပ်ချင်နေတဲ့ ပုံစံမျိုးလို့ ကျနော်အဲ့လို ထင်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိကာလသည် မြန်မာတဝှမ်းလုံး ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေး ကျဆင်းနေချိန် စစ်ကောင်စီ၏ မူဝါဒ မကြာခဏ ပြောင်းလဲမှုသည်လည်း ပြည်သူများ စိုးရိမ်သောကများဖြင့် နေထိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...