စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးက တော်လှန်ရေးတပ်တွေ နယ်ခြားစောင့်တပ်လုပ်စေဖို့ပဲလား

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ဆက်လက် ကိုင်ချင်ပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) ထဲ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်း ဆောင်ရွက်ပေးမယ်လို့ သြဂုတ် (၂၂) ရက်နေ့မှာ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် က ဆက်သွယ်မေးမြန်းထားပါတယ်။


မေး။ ။ မနေ့က EAOs တွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံချိန်မှာ တကယ်လို့ EAOs တွေလက်နက်ဆက်ကိုင်ချင်မယ်ဆိုရင် တပ်မတော် နဲ့ နယ်ခြားစောင့်တပ်အဖြစ် ခွင့်ပြုမယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမြင်မိလဲ ရှင့်။

ဖြေ။ ။ ဒါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အသစ်တီထွင် လိုက်တဲ့ သဘောထားမဟုတ်ပါဘူး။ သူတို့ စစ်တပ် တစ်လျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အမည်ခံပြီးတော့ ဆွေးနွေးပြောဆိုလာမှု အဆုံးသတ်မှာ ဒီလုပ်ငန်းနဲ့ပဲ သူတို့ အဆုံးသတ်ခဲ့တာပေါ့။ ဆိုလိုတာကတော့ အဓိပ္ပာယ်ကတော့ ဒီတိုင်းရင်းသားအဖွဲ့ကို ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ရမယ်။ ပါဝင်ပြီးတော့ အစိုးရ နဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေး ထူထောင်ရမယ်။ တကယ်လို့ ဆက်လက်ပြီး ကိုင်ဆောင်ချင်တဲ့ သဘောထားရှိချင်တယ်ဆိုလို့ရှိရင် ပြည်သူ့စစ်သော်လည်းကောင်း နယ်ခြားစောင့်တပ်သော်လည်းကောင်း တခုခုကို သုံးရမယ်။ တပ်မတော်ထဲမှာ ပူးပေါင်းပြီးတော့ ပါဝင်ရမယ်ဆိုပြီးတော့ သဘောထားနဲ့ လုပ်တာက အနှစ် (၇၀) ကျော်ရှိပြီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မဟုတ်ပါဘူး။

“ ဝ” အဖွဲ့ ၊ မိုင်းလား အဖွဲ့ ဒီလိုပါပဲ ငြိမ်းချမ်းရေးလုပ်မယ်။ ဒါမယ့် လက်နက်ကိုင်ဆောင်ထားမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ခဏကလို နယ်ခြားစောင့်တပ် လုပ်ချင်လုပ် ပြည်သူ့စစ် လုပ်ချင်လုပ် စတဲ့ သဘောထားနဲ့ ချဥ်းကပ်ခဲ့တဲ့ အတွက် “ဝ”နဲ့ မိုင်းလားဒေသ အနေနဲ့ ဒီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဲ့ဒီ သဘောထားကို လက်မခံနိုင်လို့ အခုက ပြန်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တယ်။ အဲ့ဒါတွေ လုပ်ပြီးတော့ သူတို့ ၂ ဦး ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆက်လက်ရပ်တည်မယ်ဆိုရင် နောက်ဆုံး ကတော့ ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် အဖြစ် တပ်မတော်ရဲ့ စီစဥ် ညွှန်ကြားမှု တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက် မှာဆက်လက်ရပ်တည် သွားဖို့ တင်ပြခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ငြိမ်းချမ်းရေး ပျက်စီးခဲ့တာ။

ကျနော်တို့ သျှမ်းပြည်အလယ်ပိုင်းမှာရှိတဲ့သူရဲ့ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) ၊ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ) ကယန်းပြည်သစ် စတဲ့ အဖွဲ့အစည်းတွေ ကျတော့ သူတို့က ဒီလို ပြည်သူ့စစ်တို့ နယ်ခြားစောင့်တပ်တို့ မလုပ်နိုင်ဘူး ဆိုတဲ့အတွက် စစ်အင်အားသုံးပြီးတော့ လက်နက်နဲ့ အဆုံးသတ်ခဲ့တာပေါ့။ ဆိုလိုတာက သူတို့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပြီးလို့ရှိရင် လက်နက်ဖြုတ်ခိုင်းမယ်။ လက်နက်မဖြုတ်ချင်ဘူးဆိုရင် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် လုပ်ရမယ်ဆိုတဲ့ တောင်းဆိုမှုတွေကြောင့် ကျနော်တို့ အလယ်ပိုင်းမှာရှိတဲ့ ရလလဖ၊ ကလလတ၊ ကယန်းပြည်သစ်ပါတီတို့ က အခု ပြိုကွဲသွားတဲ့ အခြေအနေရောက်သွားပြီ။

“ဝ”နဲ့ မိုင်းလားဆိုတဲ့ အဖွဲ့အစည်းကတော့ အခုချိန် လက်နက်လည်းမချ ငြိမ်းချမ်းရေးလည်း မရ အဲ့တော့ ကိုယ့်ဒေသကို လုံခြုံရေးအတွက် အားစိုက် ထူထောင်နေတာပါ။ အဲ့ဒါတွေ အကြောင်းပြုပြီးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ ပြန်လုပ်နေတယ်။

အဲ့ဒါတွေက တစ်လျှောက်လုံး စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်မှာ ကျင့်သုံးခဲ့တဲ့ မူဝါဒဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဘယ်တော့မှ မရဘဲနဲ့ ပြန်ပြီးတော့ စစ်တိုက်နေရတယ်။ စစ်ရေးပဋိပက္ခတွေ ပိုမိုကြီးထွားလာတဲ့ အခြေအနေ ရောက်ရှိနေပါတယ်လို့ ကျနော် ပြောချင်ပါတယ်။

Photo:Credit (မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်)


မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြန်ပြောဆိုလာပြီးတဲ့နောက် NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကရော သဘောတူညီနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာခဲ့တယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေး အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ စစ်တပ်က ပြောနေတဲ့ အဓွန့်ရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုတာ အဲ့ဒီနည်း နဲ့ လွယ်လွယ် နဲ့ မြန်မာပြည်မှာ ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒီ EAO အဖွဲ့တွေကလည်း လက်နက်အပ်မှာမဟုတ်ဘူး။ သူ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် စသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်မှာ မဟုတ်ပါဘူး။

အခုဆိုလို့ရှိရင် သူတို့ ဆွေးနွေးနေတဲ့ အဖွဲ့တွေ PPST အဖွဲ့တွေ ဆိုတာကလည်း တလျှောက်လုံး ငြိမ်းချမ်းရေး ကိစ္စပြောခဲ့ကြတာပဲ။ ဒါပေမယ့် လက်နက်မချချင်တဲ့ အခါကျတော့ သူတို့ အနေနဲ့ လုပ်စရာက ပြည်သူ့စစ် သို့မဟုတ် နယ်ခြားစောင့်တပ် လုပ်ဖို့ပါပဲ။ အဲ့လို မလုပ်လို့ရှိရင်တော့ စစ်ရေး ပဋိပက္ခပြန်ဖြစ်လာမှာ။ အဲ့ဒါကတော့ သူတို့ ရွေးချယ်ရမယ့် လမ်းကြောင်း စစ်တပ်က ဖွင့်ပေးထားတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း ပါပဲ။ နောက်ဆုံးမှာ ဗမာပြည်မှာ စစ်တပ်တစ်တပ်တည်း ရှိရမယ်။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှ စစ်တပ်ရဲ့ အုပ်စိုး လွှမ်းမိုးမှုအောက်မှာ ရှိရမယ်ဆိုတဲ့မူ အဲ့ဒီမူကို လက်ခံနိုင်တဲ့ EAOs အဖွဲ့ ဆိုတာ သိပ်မရှိပါဘူး။ အဲ့ဒါကြောင့် ပိုမိုပြီးတော့ စစ်ရေး ပဋိပက္ခတွေ ကြီးထွားလာစရာပဲရှိတယ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျာ။

မေး။ ။ အခုလိုမျိုး လက်ရှိ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဒုတိယအကြိမ်ဖြစ်တယ်။ ဒီတစ်ခေါက်ပြုလုပ်တဲ့ ဆွေးနွေးပွဲကကော ငြိမ်းချမ်းရေး ရနိုင်မလား။ ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ။ ။ ပထမအကြိမ်လည်း မရပါဘူး။ ဒုတိယအကြိမ်လည်း မရပါဘူး။ တတိယအကြိမ်လည်း ရမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ရဲ့ အုပ်ချုပ်မှု အောက်မှာ ပြည်သူ့စစ်အဖြစ် သို့မဟုတ် နယ်ခြားစောင့်တပ် အဖြစ် နေဖို့ဆိုတဲ့ သဘောထားမရှိပါဘူး။ အဲ့လို သဘောထားမျိုးရှိတဲ့ အဖွဲ့အစည်းတွေက လွဲလို့ရှိရင်တော့ ဘယ်အင်အားစုကမှ ကျနော်တို့ လက်နက်အပ်ဖို့ သဘောတူမှာမဟုတ်ပါဘူး။ ပြန်တိုက်ဖို့ အခုလုပ်နေတဲ့ဟာတွေက ငြိမ်းချမ်းရေး ဆိုတာတွေက အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်။ အရင်တုန်းကလည်း လုပ်ပြီး ပြန်ပျက်သွားတာပဲ။ ပြီးတော့ ပြန်တိုက်ကြတာပဲ။ အခုလည်း ဒီလိုနည်းပဲ ပြန်ဖြစ်အုံးမယ်လို့ ကျနော် ယူဆပါတယ်။ တတိယအကြိမ်မှ မဟုတ်ပါဘူး။ (၁၀) ကြိမ် ထပ်လုပ်လည်း ဒီလို သဘောထားနဲ့ဆို ဒီတိုင်းပဲ ထပ်ဖြစ်မှာ။ ဒီထက်ပိုပြီး ထူးခြားလာစရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။

ဟုတ်ကဲ့ပါဆရာ။ အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...