Tuesday, January 27, 2026

တောင်ကြီးမြို့တွင်း ယာဉ်ထိန်းရဲ နှင့် ရဲများ စစ်ဆေးရေးတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကမ္ဘာဇဘဏ် (၁) နှင့် မြို့ဝင်၊ ထွက်နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် ယာဉ်ထိန်းရဲများ စစ်ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ ဩဂုတ် ၂၂ ရက်တွင် ဗိုလ်ချုပ်လမ်းပေါ် နှင့် မြို့ဝင်၊ ထွက်၊ အရှေ့မြို့ပတ်လမ်းတွင် ယာဉ်ထိန်းရဲများက ဆိုင်ကယ်လိုင်စင်၊ ဦးထုတ်၊ နံပါတ်ပြားများကို စစ်ဆေးပြီး ဖမ်းဆီးထားကြောင်းသိရသည်။

“ သူတို့က အဓိက ဆိုင်ကယ်တွေကို စစ်ဆေးနေတာ။ မြို့ထဲကော၊ ကမ္ဘောဇဘဏ် နဲ့ မြို့ဝင်မြို့ထွက်တွေ စစ်ဆေးနေတယ်။ ယာဉ်မောင်းလိုင်စင်တွေ၊ ဦးထုတ်တွေ၊ နံပါတ်ပြားတွေကို စစ်ဆေးပြီးဖမ်းနေတာ။ ဖမ်းခံရတဲ့သူလည်း အများကြီး ရှိနေတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ ယခုကဲ့သို့ စစ်ဆေးမှုတင်းကြပ်နေခြင်းသည် လုပ်စားမှု တရပ်ဖြစ်ကြောင်း၊ ဝင်ငွေရှာနေသည့် နည်းလမ်းဖြစ်ကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

“ အရင်ကတော့ သူတို့စစ်တော့စစ်တယ်။ ဒီနေ့တော့ ပိုစစ်ဆေးတာပေါ့။ ဖမ်းခံရတဲ့သူလည်း များတယ်။ သူတို့သပ်သပ်လုပ်စားနေတာပါ။ ဒီနေ့က ရဲကော၊ ယာဉ်ထိန်းရဲကော ၊ ကားကောပါတယ်။ ဘာတွေရှိလို့ အဲ့လောက်စစ်ဆေးနေလဲတော့ မသိဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့နယ်သည် လူစုလူဝေးပြုလုပ်ခြင်း၊ လူ ၅ ဦး ထပ်ပိုစုခြင်း ၊ ညအပြင်မထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ထားသည့် မြို့ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လမ်းသွားလမ်းလာများကို စစ်ကောင်စီက ပိုစစ်ဆေးမှု ပြုလုပ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...