Wednesday, February 4, 2026

စစ်ကောင်စီ

လားရှိုးမြို့နယ်မှ CDM များကို စစ်ကောင်စီ အပြင်းအထန်ရှာဖွေ ဖမ်းဆီးနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှ CDM ပြုလုပ်ပြီး အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် CDM များကို စစ်ကောင်စီတို့မှ ပြင်းပြင်းထန်ထန်ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်လာပြီးသည့်နောက် လက်ရှိကာလအချိန်အထိ လားရှိုးမြို့နယ်အတွင်းမှ ကျေးရွာ ရပ်ကွက်များရှိ CDM သမားများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးခြင်း...

စက်သုံးဆီ ပြတ်လပ်လာမှုကြောင့် နွားလှည်းများ သုံးစွဲလာ

သျှမ်းပြည်တပြည်လုံးရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဓာတ်ဆီဆိုင်များ ပြတ်လပ်သည့် အထိ ဖြစ်ပွားနေခြင်းကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများ နွားလှည်း ပိုမိုအသုံးပြုလာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ကျောက်တလုံးမြို့နယ် ဟမ်းဆီးကျေးရွာတွင် ဓာတ်ဆီများပြတ်လပ်နေပြီဖြစ်သဖြင့် ပြည်သူများက ကားများ နှင့် ဆိုင်ကယ်များအစား နွားလှည်းများကိုသာ ပိုမိုအသုံးပြုလာကြောင်း စားသောက်ဆိုင်ပိုင်ရှင်များမှ ကုန်ပစ္စည်းများကို...

“မစောင့်ရှောက်ရင် နေပါ မနှောက်ယှက်ပါနဲ့”

၁၀ စုနှစ် နီးပါး စစ်ရေး ပဋိပက္ခ တည်ငြိမ်လာတဲ့ လွိုင်လင်ခရိုင်ရှိ မြို့နယ် တချို့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု များပြားလာတာနဲ့ တစ်ပြိုင်တည်း စစ်သားစုဆောင်းမှုတွေလည်း မြို့နယ်အလိုက် ရှိနေပါတယ်။ နိုင်ငံရေး ငြိမ်သက်မှု မရှိတဲ့အတွက်ကြောင့် ဒေသခံတွေက စားဝတ်နေရေး ခက်ခဲနေတဲ့ကြားက...

တန့်ယန်းမြို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ဓားထောက်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ရပ်ကွက် ၂ ဘက်သို့ ကားမောင်းလာသည့် ကိုယ်ဝန်သည် အမျိုးသမီးကို...

သျှမ်းပြည်တစ်ဝှမ်း စက်သုံးဆီများပြတ်လပ်လုနီးပါးဖြစ်

သျှမ်းပြည်တစ်ဝှမ်းတွင် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ်ပြီး၊ ဆီးစျေးများလည်း အပြိုင်အဆိုင် စျေးတက်နေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စက်သုံးဆီ (92) တစ်လီတာကို (၄,၀၀၀) ကျပ် ရှိနေပြီး ပြင်ပဆိုင်ငယ် ဆီဆိုင်များတွင်လည်း ၎င်းဆီဈေးနှုန်းထက် နှစ်ဆ မြင့်တက်နေသဖြင့် ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မူဆယ်ဒေသခံ တစ်ဦးက...

ဒေါ်လာဂယက်ကြားက လူငယ်တွေ အလုပ်အကိုင်မဲ့လာ

“ကျနော် အခု အလုပ်လက်မဲ့ဖြစ်နေပြီ။ မိသားစု စားဝတ်နေရေး ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိတော့ဘူး။ တဖက်ကလည်း ကုန်စျေးနှုန်းတွေက မြင့်နေတယ်” လို့ တောင်ကြီးမြို့ နိုင်ငံခြားဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ စိုင်းဖ က ညီးထွားနေပါတယ်။ စစ်ကောင်စီရဲ့ သွင်းပို့ကုန် မူဝါဒပြောင်းလဲမှု၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုနဲ့...

မိုးဗြဲမြို့ ပြည်သူ့နေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ရှောင်နေရသည့် ပြည်သူများနေအိမ်မှ တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ခံနေရကြောင်း သတင်း သိရသည်။ မိုးဗြဲမြို့ပေါ်ရှိ လူမနေသည့် စစ်ရှောင်ပြည်သူများနေအိမ် နှင့် ဝီသဲဂူကျေးရွာ နှင့် တခြားစစ်ရှောင်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသမား နှင့် သူခိုးတို့သည် နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးရှိ ပစ္စည်းများ...

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YUG နှင့် TPDF ဆက်စပ်သူ နှစ်ဦးဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) မှ ဆက်စပ်သူ နှစ်ဦးကို ယမန်နေ့ (သြဂုတ် ၁၅) ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေ မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်းတွင် ရဲ နှင့် စစ်ကောင်စီများက ဧည့်စာရင်းဝင်စစ်ဆေးနေစဉ်အတွင်း...

မူဆယ်မြို့နယ် အမှတ် (၁) ဈေးနားတွင် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) ညဈေးတန်းနား (၃) ထပ်တိုက်အိမ်တစ်ခု ယနေ့ ဩဂုတ် (၁၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မီးလောင်သွားသည့် တိုက်သည် ကလေးကစားစရာ နှင့် စက်ဘီးဆိုင်ဖွင့်ထားသည့် တိုက်ဖြစ်ပြီး ၊...

ပန်ဆိုင်းမြို့အတွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့အတွင်းတွင် တရက်တည်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၅) ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်မတော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA)...

Latest news