ကျောက်မဲမြို့နယ် တိုက်ပွဲမရှိသော်လည်း စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲမရှိသော်လည်း စစ်ရှောင် (၁၈၅) ဦးကျော်က နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

တစ်နှစ်နီးပါး စစ်ဘေးရှောင်လာသည့် ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာဒေသခံများသည် ဒေသတွင်း တိုက်ပွဲမရှိသော်လည်း မြေမြှုပ်မိုင်းနှင့် မြောက်ပိုင်းမဟာမိတ် TNLA နှင့် SSPP တို့က ဝင်ရောက်လှုပ်ရှားလာသဖြင့် ပြည်သူများ လုံခြုံမှုမရှိသောကြောင့် နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

“မပြန်နိုင်သေးတဲ့ အကြောင်းရင်းက အခု မြောက်ပိုင်းမဟာမိတ်တွေ ရှိနေလို့ပါ။ အရင်ကတော့ RCSS တပ်ဖွဲ့နေတာလေ။ ပြီးတော့ပြန်ဖို့ သူတို့ကို ညှိတော့ အဲ့တပ်ဖွဲ့တွေက မိုင်းရှင်းလင်းရေးလုပ်နေတယ်လို့ ပြောတယ်” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိစစ်ရှောင်များသည် မြေမြှုပ်မိုင်းကြောင့် နေရပ်ကို ပြန်ချင်သော်လည်း အခက်အခဲများရှိနေကာ မပြန်ရဲကြသေးကြောင်း စစ်ရှောင်များက ပြောသည်။

ကျောက်မဲမြို့နယ် ဟူးကွက် စစ်ရှောင်များသည် သျှမ်းစာပေ နှင့် ယဉ်ကျေးမှုစခန်း နှင့် မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်တွင်နေထိုင်နေသည်။

ထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ရှောင်များ နေအိမ်

“ စစ်ရှောင်စခန်းမှာနေကြတဲ့သူတွေအားလုံးကတော့ ပြန်ချင်ကြတာပဲ။ လက်နက်ကိုင်တွေ ပြဿနာနဲ့ မိုင်းတွေကြောင့် မပြန်နိုင်ကြသေးဘူး” ဟု စစ်ဘေးရှောင်နေသည့် အမျိုးသားက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များကို နေရပ်ပြန်နိုင်ရန်အတွက်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က “သူတို့နေရပ် ပြန်နိုင်ဖို့အတွက် ဆိုတာက ကျနော်တို့တွေလည်း လုပ်ပေးခဲ့ပါတယ်။ နားလည်ပါတယ်။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေထဲမှာရှိတယ် ဆိုရင်တော့ ချိတ်ဆက်မှုတွေ ရှိရမယ်။ ဆက်သွယ်ပြီး ကူညီကြတာ။ ပြည်သူတွေရဲ့ အခက်ခဲဟာ ကျနော်တို့ရဲ့ အခက်ခဲပဲ။ ကျနော်တို့ရဲ့ အခက်ခဲကလည်း ပြည်သူတွေရဲ့ အခက်ခဲပဲ။ ဒါပေမယ့် တချို့နေရာမှာက ပြင်ပ ပရောဂတွေ ရှိနေလား ဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး” ဟု သျှမ်းသံတော်ဆင့်ကို ဖြေကြားခဲ့ဖူးသည်။

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းသည် ၂၀၂၁ နိုဝင်ဘာလမှစပြီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပြည်သူများက ကျောက်မဲမြို့ပေါ်နှင့် တခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်လာရသည်။

ထို့ကြောင့် လက်ရှိ ဟူးကွက်ကျေးရွာသည် တနှစ်နီးပါး လူနေထိုင်မှုမရှိသဖြင့် ရွာပျက်ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...