ကဒူးကြီးဒေသ စစ်ဘေးရှောင်များ သောက်သုံးရေအခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း၊မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် သောက်သုံးရေအခက်ကြုံနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကဒူးကြီးဒေသမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ ခြောက်သွေ့ရာသီရောက်ရှိလာသဖြင့် သောက်သုံးရေလည်း ခက်ခဲလာကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အစကတည်းက အဲဒေသမှာ ရေရှားတယ်လေ၊အခုက နွေပိုင်းဆို ‌တော့ ပိုဆိုးတယ်။ သောက်ဖို့တောင် ရေကိုအဝေးကြီး သွားသယ်ရတာ၊ရေတောင်ချိုးဖို့မရှိနေဘူး ၊ညပိုင်းဆို အရမ်းအေးပြီး နေ့ပိုင်းဆို အရမ်းပူတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အဆိုပါ စစ်ရှောင်များနေထိုင်သည့် နေရာသည် တောထဲ ဖြစ်ပြီး၊ လာရောက်ကူညီပေးသူများသိပ်မရှိကြောင်း၊ လက်ရှိ ရာသီဥတုသည်လည်း နေ့အချိန်တွင် အလွန်ပူပြင်းပြီး၊ ညအချိန်တွင် အေးနေသဖြင့် ရာသီဥတုမမျှကာ ဖျားနာနေသည့် သူများလည်း ရှိကြောင်း ၎င်းစစ်ရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

လက်ရှိ မောက်မယ်မြို့နယ်အတွင်း တိုက်ပွဲများ ရပ်တန့်နေပြီး ပအိုဝ်းပြည်သူ့စစ် (PNO)က ဖိအားပေးနေရပ်ပြန်ခိုင်းသည်။

သို့ သော် ထိုနေရာတွင် PNO နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)တို့ အချိန်မရွေး စစ်ရေးပြန်ဖြစ်နိုင်သည့်အတွက် နေရပ်မပြန်ရဲကြကြောင်း၊ ထို့အပြင် မြေမြှုပ်မိုင်းအန္တရာယ်လည်း ရှိနေသေးသဖြင့် မပြန်သေးကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ကတော့ PNO ကအတင်းပြန်ခိုင်းလို့ ပြန်ကြတာ၊အဓိက အိမ်ရှိတဲ့သူတွေပေါ့လေ ပြန်ကြတာ၊တချို့ကလည်း အိမ်မီးရှို့ခံရတော့ ပြန်စရာမရှိ ၊ PNOက မြေမြုပ်မိုင်းတွေမရှင်းပေးသေးတော့ မပြန်ရဲကြတာ၊ ပြန်တဲ့သူတွေကလည်း မြေမြုပ်မိုင်းကြောက်လို့ တောခြံတွေဆို မသွားရဲကြသေးဘူး။”ဟုစစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး နေရပ်ပြန်စစ်ဘေးရှောင်များကို PNOက စစ်မှုထမ်းခေါ်ယူနေမှုများလည်းရှိနေပြီး ငွေကြေးကောက်ခံမှုများလည်း ရှိနေကြောင်းသိရသည်။

ထိုကဒူးကြီးဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ၊သောက်သုံးရေနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စပြီး ကဒူးကြီးဒေသ ဗန်းမတ်ကျေးရွာ၊ နောင်ထောဝ်ကျေးရွာ၊ဟံ ဗွားရွာတို့တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(PNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ စစ်ဘေးရှောင် (၈၀)ရာခိုင်နူန်းရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...