လားရှိုးမြို့နယ်မှ CDM များကို စစ်ကောင်စီ အပြင်းအထန်ရှာဖွေ ဖမ်းဆီးနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှ CDM ပြုလုပ်ပြီး အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် CDM များကို စစ်ကောင်စီတို့မှ ပြင်းပြင်းထန်ထန်ရှာဖွေ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်လာပြီးသည့်နောက် လက်ရှိကာလအချိန်အထိ လားရှိုးမြို့နယ်အတွင်းမှ ကျေးရွာ ရပ်ကွက်များရှိ CDM သမားများကို စစ်ကောင်စီတပ်ဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးခြင်း ထောက်လှမ်းခြင်းများ ခံနေရကြောင်း CDM အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“CDM လုပ်ပြီး တောခိုသွားတဲ့သူတွေ၊ PDF နဲ့ ဆက်စပ်နေတဲ့သူတွေကို အဓိက လိုက်ရှာပြီး ဖမ်းနေတာပေါ့၊ တချို့ ရှောင်ထွက်သွားတဲ့ CDM တွေက အိမ်ကို တိတ်တိတ်ပြန်လာရင်တောင် စစ်ကောင်စီတွေ သတင်းရရင် ဖမ်းဆီးခံ ရတယ်၊ အခုဆို ဖမ်းဆီးခံထားရတဲ့ CDM သမားတွေက ၁၀ ဦး ထက်မနည်းရှိနေပြီ” ဟု အထက်ပါ CDM ပြုလုပ်သည့်သူ က ပြောသည်။

လက်ရှိ လားရှိုးမြို့နယ်အတွင်းတွင် သိရှိရသည့် ဖမ်းဆီးခံ CDM သမားများ ၁၀ ဦး ထက်မနည်းရှိနေပြီး သိရှိရ သည့် စာရင်းထက် ဦးရေပိုမိုများပြားနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုထားသည်။

CDM

စစ်ကောင်စီ တပ်သားများမှ ယင်းကဲ့သို့ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေမှုကြောင့် လားရှိုးမြို့ပေါ် CDM သမားများ သတိကြီးစွာဖြင့် နေထိုင်စားသောက်နေရကြောင်းလည်း လားရှိုးဒေသခံလူငယ် တစ်ဦးက ပြောသည်။

“ကျနော်တို့လည်း CDM လုပ်နေတဲ့အလျောက် အိမ်မှာနေနေရပေမဲ့ ကောင်းကောင်းမနေရပါဘူး၊ CDM လုပ်ပြီး သူတို့ကို ဆဲရင်တော့ ချက်ချင်းလာဖမ်းပြီပဲ၊ စစ်ကောင်စီတွေက အရမ်းလည်တယ် ဖမ်းသွားတဲ့ CDM တွေရဲ့ သတင်းက လုံးဝမထွက်လာဘူးဖြစ်နေတယ်၊ စကစတွေကြောက်တာက CDM သမားတွေတောခိုပြီး PDF လုပ်မှာ ကိုပဲ” ဟု ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးရှိ ပြည်သူ့ဝန်ထမ်းတချို့သည် သက်ဆိုင်ရာ ကိုယ့်ဌာနအလိုက် CDM လုပ်ဆောင်ပြီး အကြမ်းမဖက် အနုနည်းဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန် နေကြသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အာဏာဖီဆန်ရေး CDM တွင် ပါဝင်လှုပ်ရှားလာသောကြောင့် စီးပွားရေးများ၊ နိုင်ငံတော် ယန္တယားများ ကောင်းမွန်စွာ လှည့်ပတ်နိုင်ခြင်း မရှိတော့ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...