ရွာငံမြို့နယ် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်းတွေ့ရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တဲလုကျေးရွာ အနီးတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း သုံးလောင်း တွေ့ရကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၇) ရက် ညနေပိုင်းတွင် တဲ့လုကျေးရွာ နှင့် တောင်ဦးကျေးရွာကြားမှ တောစပ် တစ်နေရာတွင် မီးရှို့ခံထားရသည့် အမျိုးသား ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရုပ်အလောင်းတွေကိုတော့ မနေ့ကတွေ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှာ တဲ့လုရွာထဲကို စစ်ကြောင်းဝင်လာပြီး၊ ရွာသားအချို့ကို ခေါ်စစ်တာတွေ လုပ်ခဲ့တယ်၊ ညအချိန်မှာ သေနတ်သံ ၇ ချက်လောက် ကြားရတယ်၊ စကစတွေ ပြန်ထွက်သွားတဲ့ ၁၇ ရက်မှာတော့ ရွာပြင်တောစပ်နား မီးရှို့ထားတဲ့ ရုပ်အလောင်းတွေကို ရွာသားတွေက တွေ့တာ။ ဘယ်သူတွေလဲ ဆိုတာတော့ မသိရဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ရွာငံမြို့နယ်

အဆိုပါ မီးရှို့ခံထားရသည့် ရုပ်အလောင်းများသည် ခါးအောက်ပိုင်းသာ ကျန်နေပြီး မျက်နှာသွင်ပြင် ဖော်ပြရန် ခက်ခဲကြောင်းနှင့် ကျန်ရုပ်ကြွင်းများကို အနီးအနားရှိ ဒေသခံများမှ မီးသင်္ဂြိုလ်ပေးလိုက်ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

အင်အား ၃၀ ကျော်ရှိသည့် စစ်ကောင်စီတပ်သားများသည် တဲ့လုကျေးရွာအတွင်း နေရာယူ စစ်ဆေးမှုများ လုပ်သည့်အပြင် တချို့တပ်သားများက ရွာပြင်ဘက်လယ်ကွင်းများနှင့် လမ်းဘေးပတ်ဝန်းကျင်တွင်လည်း ကင်းပုန်းသဖွယ် အုပ်စုလိုက် နေရာယူထားကြောင်း သိရသည်။

“သူတို့တပ်ရင်းအမှတ်တော့ မသိရဘူး၊ တချို့က အရပ်ဝတ်နဲ့ဖြစ်ကြတယ်၊ လက်ရှိတော့ မီးရှို့ခံထားရတဲ့ ရွာသားတွေက ဘယ်သူတွေလဲ ဘယ်ကလဲဆိုတာတွေကို စုံစမ်းနေကြတုန်းပဲ” ဟု တဲ့လုကျေးရွာအနီးမှ ဒေသခံအမျိုးသားလူငယ်တစ်ဦး က ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလ မှ ရွာငံမြို့နယ် တောင်ဦးရွာနေ အသက်သုံးဆယ်အရွယ်ကိုကင်းမွှေးနှင့် အသက် ၁၉ နှစ် အရွယ် ကိုစောထူးတို့ ညီအစ်ကိုနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့ထိ အဆက်အသွယ် မရခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်အာဏာသိမ်းမှု မဖြစ်ပွားခင်အထိ စစ်တပ်အခြေစိုက် လှုပ်ရှားမှုမရှိသည့် ရွာငံမြို့နယ် လက်ရှိအချိန်တွင် PDF များ ရှိနေသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီတပ်တို့၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ရွာသားများကို ဖမ်းဆီးနှိပ်စက် စစ်ဆေးခြင်းများသည် တစ်နေ့ထက်တစ်နေ့လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...