တာချီလိတ်မြို့ ရေကျသွားသော်လည်း ရွှံ့နုန်း များ ရှင်းလင်းနေရဆဲ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၂) နှစ်ဆက်တိုက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် သြဂုတ် ၁၄ ရက်နေ့တွင် ရေများကျသွားပြီဖြစ်သော်လည်း ရွှံ့နုန်းများကို ယနေ့အချိန်ထိ ရှင်းလင်းနေရကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် နှင့် တာလော့ဈေးတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီး ရွံ့ ၊ နုန်း များသည် ဒူးထိရှိကာ ယနေ့အချိန်ထိ သန့်ရှင်းရေးလုပ်ဆောင်နေရသေးကြောင်း ဆန်ဆိုင်းရပ်ကွက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တာလော့ဈေး နဲ့ ဆန်ဆိုင်းရပ်ကွက်မှာတော့ ရေတအားဝင်တယ်။ နေအိမ်က တစ်ဝက်လောက် မြှုပ်တယ်။ ရေကျသွားပြီး ရွှံ့ တွေကတော့ ဒူးလောက်ထိရှိတယ်။ အခုထိ သန့်ရှင်းရေးလုပ်လို့မပြီးသေးဘူး။ ကိုယ့်ဟာကိုယ်တော့ လုပ်နေရတာပေါ့။ ဒီနှစ်ရေကြီးတာတော့ အများကြီးဆုံးရှုံးသွားတယ်” ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ် ရေကြီးရေလျှံမှုဖြစ်ပွား

အဆိုပါ ဆန်ဆိုင်းဈေး နှင့် တာလော့ဈေးတွင် ဈေးသည်များ သိုလှောင်ထားသော ပစ္စည်းများ၊ အဝတ်အထည် ဆိုင်များတွင် ရွှံ့များဖြင့် ပြန်လျော်လို့မရသော အင်္ကျီများ စွန့်ပစ်လိုက်ရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အလားတူ ရေကြီးရေလျှံမှုကြောင့် ပြောင်းရွှေ့၍မရသော ဆိုင်ကယ် နှင့် ကားများလည်း ရေထဲတွင် (၂) ရက်လောက် နစ်မြှုပ်ထားရာ စက်အင်ဂျင်များ ပျက်စီးသွားကြောင်း သိရသည်။

“ ဆိုင်ကယ် ၊ ကားတွေက ရွေ့လို့မရဘူးလေ။ ဒီမှာ ဆိုင်ကယ် (၃) စီး နဲ့ ကား (၅) စီးလောက်တော့ ပျက်သွားတယ်။ စက်တွေ ဘာတွေ နိုးလို့မရတော့ဘူး။ အဝတ်လျော်စက်တော့ အင်္ကျီတွေကော ရစရာကို မရှိသေးဘူး“ ဟု တာလော့ရပ်ကွက်ရှိ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုရေကြီးမှုကြောင့် သြဂုတ် ၈ ရက် ညနေ ၃ နာရီခွဲတွင် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက် ဦးထွန်းအောင် တံတားအနီး ကားတစ်စီးသည် ရေစီး နှင့် အတူ မျောပါသွားခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...