စစ်ကောင်စီ
ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။ “အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19...
ဖယ်ခုံမြို့နယ် ပြည်သူ့နေအိမ်ထဲ PNO စစ်သားဝင်ရောက်နေရာယူထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA စစ်သားတို့မှ ပြည်သူ့နေအိမ်ထဲ နေရာယူထားကြောင်း သတင်းသိရသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်ကြားရှိ ဗန်းမောက်ရွာအတွင်းတွင် PNO တပ်သားများက ပြည်သူ့နေအိမ်ဝန်းထဲ ဝင်ရောက်နေရာယူထားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးလည်း ဖြတ်တောက်ထားကြောင်း ဖယ်ခုံမြို့နယ်မှ အမည်မဖော်လိုသူ...
နမ္မတူမြို့နယ် COVID-19 ကူးစက်ခံရသူ တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID - 19 ကုသခံယူနေသူ အမျိုးသားတစ်ဦးက ယမန်နေ့ အောက်တိုဘာ ၃ ရက်တွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် ပြည်သူ့ဆေးရုံမှ COVID -...
နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ် ဒေသခံများ စိုးရိမ်နေ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုထဲရှိ ခမရ ၃၂၄ တပ်စခန်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီဖက်မှ တစ်ဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၂ ရက် ည သန်းခေါင် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်လိုက်သဖြင့်...
ပင်းပက်သံမဏိ အတွက် ရထားလမ်း ဖောက်လုပ်ရန် မြေ ၂၈ ဧက စစ်ကောင်စီ အတင်းအဓမ္မသိမ်း
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းရှိ ပင်းပက်သံမဏိ စက်ရုံအတွက် ရထားလမ်းဖောက်လုပ်ရန် စစ်ကောင်စီက မြေ (၂၈) ဧက ကို အတင်းအဓမ္မ သိမ်းယူပြီး စုံစမ်းသိရှိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ မှ စတင်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်...
ဖယ်ခုံမြို့ ရပ်ကွက်တစ်ချို့ထဲ စစ်ကောင်စီ မြေမြှုပ်မိုင်းထောင်ထား
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ရှိ ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ က မြေမြှုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ လမ်းသွယ်တွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးကို စက်တင်ဘာ နောက်ဆုံးပတ်တွင် တွေ့ရှိခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။ “ဘယ်တုန်းကတည်းက ထောင်ထားတာလဲတော့မသိဘူး။...
တန့်ယန်းမြို့ ဆိုလာဘက်ထရီရှော့ခ်ဖြစ် နေအိမ်တစ်လုံးမီးလောင်ပြာကျ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဆိုလာဘက်ထရီ ရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းသိရသည်။ ယနေ့ အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့၊ တပ်ဦးကျောင်း အောက်ဘက်နားရှိ ရပ်ကွက် ၈၊ အုပ်စု ၇ အတွင်းမှ နေအိမ်တစ်လုံး...
ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ကျွဲ/နွားများ ထိမှန်သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ကျွဲ၊ နွားများ ထိမှန်သေဆုံးရကြောင်း သတင်းသိရသည်။ အောက်တိုဘာ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့ အထွက် တိုးဂိတ်အကျော်အနီး မောင်းနှင်လာသည့် စစ်ကောင်စီ စစ်ကား နှစ်စီးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ...
ကျောက်မဲမြို့ အရက်မူးလွန်ပြီး သေနေသည့် အလောင်းတွေ့
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် (၇) ရှိ ဂေါက်ကွင်းထဲတွင် အရက်မူးလွန်ပြီး သေနေသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၃၀ ရက် ည ၆ နာရီဝန်းကျင်အချိန်တွင် ဂေါက်ကွင်းထဲမှာ အသက် (၄၀) နီးပါးအရွယ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း...
သျှမ်းမူတန်းတူရေး နဲ့ ဝ ပြည်နယ်သစ် ပေါ်ပေါက်နိုင်မယ့်အလားအလာ
SHAN -
ဒီတပတ် မြန်မာနိုင်ငံအတွင်း ဂယက်ထထားသွားတဲ့ သတင်းကတော့ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) “ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ စစ်ကောင်စီက မူအားဖြင့် သဘောတူလိုက်တဲ့ သတင်းပါပဲ။ စက်တင်ဘာ ၂၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ 'ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)...





