Friday, April 19, 2024

အေးသာယာမြို့တွင်း ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် (၉) ရပ်ကွက်ထဲတွင် အသက် (၃၀) ကျော်ရှိ ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းကို ယမန်နေ့ (အောက်တိုဘာ ၄) ရက်တွင် တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၄ ရက်၊ နေ့လည်ပိုင်းတွင် အမှတ် (၉) ရပ်ကွက် မီးသတ်ရုံး၏ အနောက်ဘက် လမ်းမဘေးတွင် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း အေးသာယာမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိုင်ရှင်မဲ့ အလောင်း

“မနေ့က လမ်းမဘေးမှာ အလောင်းကို တွေ့လိုက်တယ်လို့ ပြောတယ်။ အေးသာယာမှာက လောင်းကစားဝိုင်း တွေလည်း ရှိတယ်၊ မူးယစ်ဆေးဝါးလည်း ပေါတယ်။ အခုသေဆုံးသွားတာ မူးယစ်ဆေးဝါး၊ အရက်အလွန်အကြူး သုံးစွဲတာကြောင့် ဆုံးသွားတာထင်တယ်“ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားတစ်ဦးမှာ ပြင်ပဒဏ်ရာထိခိုက်မှုမရှိဘဲ သေဆုံးနေခြင်းဖြစ်ပြီး ဒေသခံများ၏ ပြောဆိုချက်အရ မူးယစ်ဆေးဝါးကြောင့် သေဆုံးသည်ဟုဆိုသည်။

ထို့အပြင် အမျိုးသားအလောင်းကို အေးသာယာနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှုဖွင့်ထားပြီး အလောင်းကိုတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article