Wednesday, January 28, 2026

တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဘိလပ်မြေစက်ရုံရှေ့တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ဖမ်းဆီးသွားသည့် ဒေသခံ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“ဘယ်သူ ဖမ်းခံရတာလဲတော့ အတိအကျမသိဘူး။ အဲ့ထဲမှာ ဖမ်းခံရတဲ့ လူငယ်တစ်ဦးကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ် ဆိုပြီးတော့ ချမှတ်လိုက်ပြီ။ သူ့ကို ဖုန်းထဲမှာ စစ်ရှောင်ပုံ နဲ့ Kpay ထဲမှာ ပိုက်ဆံ ၈ သိန်းရှိတယ် ဆိုပြီးဖမ်းသွားတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တီကျစ်ကျောက်မီးသွေးစက်ရုံ

တီကျစ် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီက ဖွင့်လှစ်စစ်ဆေးခဲ့ပြီး လူငယ်ကိုလည်း ဇူလိုင်လ က စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကောင်စီက ကျောင်းသွားပြန်လာခဲ့သည့် လူငယ်တစ်ဦးကလည်း ဖမ်းဆီးထားပြီး လက်ရှိအချိန် ပြန်လွှတ်လာပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

“ကျမ တူလေး ကျမ်းစာကျောင်းဆင်းလာပြီးတော့ ဖမ်းခံလိုက်ရတာ။ အခုထိ ပြန်မလွှတ်သေးဘူး။ သူလည်း ဘာမှ နိုင်ငံရေးမှ မလုပ်ဘူး ။ အခုချိန်ထိလည်း ဘာအဆက်သွယ်မှ ပြန်မရသေးဘူး” ဟု ဖမ်းခံရသူ၏ အမျိုးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြို့ဝင် ၊ မြို့ထွက် တွင် စစ်ဆေးရေးဂိတ်များဖွင့်ပြီး ဖမ်းဆီးစစ်ဆေး နေလျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၁ နှစ် ကျော် ကာလအတွင်းတွင် ပြည်သူ (၂,၃၃၂) ဦး သတ်ဖြတ်ခံရပြီး (၁၅,၇၄၄) ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...