Thursday, April 25, 2024

မိုင်းရယ်မြို့နယ် တားမြစ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

Must read

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းတွင် တားမြစ်ဓာတု ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် မိုင်းရယ်မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့စစ်ဆေးမှု ပြုလုပ်နေစဥ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတင်းရထားလို့ စောင့်တာလား တော့မသိဘူး၊ အောက်တိုဘာလ ၂ ရက်နေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတုန်းမှာပဲ သူတို့ မောင်းလာတဲ့ ၁၂ ဘီး ကားကို စစ်မိပြီး ပစ္စည်းတွေတွေ့လို့ ဖမ်းဆီးလိုက်တာ၊ ညနေ ၄ ခွဲ လောက်ဖြစ်တယ်၊ ပစ္စည်းလည်း တော်တော်များတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိ

အဆိုပါ ၁၂ ဘီးကားပေါ်တွင် ဆာလဖျူရစ်အက်စစ် ၁၃,၆၅၀ လီတာ (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၀၉၂ သိန်း)၊ ဆိုဒီယမ်အီသောက်ဆိုဒ် အလေးချိန် ၅,၄၀၀ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၅ သိန်း)၊ မက်သနောနိုက်ထရစ်အက်စစ် ၂,၁၆၀ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းသိရသည်။

ယင်းပစ္စည်းများသည် တားမြစ်ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါး ထုတ်ကုန် ကုန်ကြမ်းတွင် ပါဝင်သည့် ဓာတုထုတ်ကုန် ပစ္စည်းများ ဖြစ်သည့််အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“မိုင်းရယ်မြို့မှ ရဲစခန်းကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်၊ ယာဥ်မောင်းတစ်ယောက်၊ ယာဥ်နောက်လိုက်တစ်ယောက်ပါ ဖမ်းဆီးခံထားရတယ်၊ လက်ရှိတော့ ကွင်းဆက်တွေကို သက်ဆိုင်ရာက လိုက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိသည့် တရားခံနှစ်ဦး နှင့် ဆက်စပ် ပတ်သက်သည့် ကွင်းဆက်များကို မိုင်းရယ်မြို့မှ ရဲစခန်း နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မိုင်းရယ်မြို့နယ် အပါအဝင် သျှမ်းပြည်တဝှမ်းလုံး၌ တရား မဝင် လုပ်ငန်းများ၊ မူးယစ်သယ်ယူ ရောင်းဝယ်မှုများ လုပ်ကိုင်သူများပြားလာပြီး ဒေသအတွင်း မငြိမ်မသက်မှုလည်း တစ်နေ့ထက် တစ်နေ့ များပြားလာကြောင်း ဒေသခံများက ပြောဆိုသုံးသပ်သည်။

Leave a Comments

- Advertisement -spot_img

Latest article