မိုင်းရယ်မြို့နယ် တားမြစ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းတွင် တားမြစ်ဓာတု ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် မိုင်းရယ်မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့စစ်ဆေးမှု ပြုလုပ်နေစဥ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သတင်းရထားလို့ စောင့်တာလား တော့မသိဘူး၊ အောက်တိုဘာလ ၂ ရက်နေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတုန်းမှာပဲ သူတို့ မောင်းလာတဲ့ ၁၂ ဘီး ကားကို စစ်မိပြီး ပစ္စည်းတွေတွေ့လို့ ဖမ်းဆီးလိုက်တာ၊ ညနေ ၄ ခွဲ လောက်ဖြစ်တယ်၊ ပစ္စည်းလည်း တော်တော်များတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိ

အဆိုပါ ၁၂ ဘီးကားပေါ်တွင် ဆာလဖျူရစ်အက်စစ် ၁၃,၆၅၀ လီတာ (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၀၉၂ သိန်း)၊ ဆိုဒီယမ်အီသောက်ဆိုဒ် အလေးချိန် ၅,၄၀၀ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၅ သိန်း)၊ မက်သနောနိုက်ထရစ်အက်စစ် ၂,၁၆၀ လီတာ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀.၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းသိရသည်။

ယင်းပစ္စည်းများသည် တားမြစ်ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါး ထုတ်ကုန် ကုန်ကြမ်းတွင် ပါဝင်သည့် ဓာတုထုတ်ကုန် ပစ္စည်းများ ဖြစ်သည့််အတွက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“မိုင်းရယ်မြို့မှ ရဲစခန်းကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်၊ ယာဥ်မောင်းတစ်ယောက်၊ ယာဥ်နောက်လိုက်တစ်ယောက်ပါ ဖမ်းဆီးခံထားရတယ်၊ လက်ရှိတော့ ကွင်းဆက်တွေကို သက်ဆိုင်ရာက လိုက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိသည့် တရားခံနှစ်ဦး နှင့် ဆက်စပ် ပတ်သက်သည့် ကွင်းဆက်များကို မိုင်းရယ်မြို့မှ ရဲစခန်း နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က လုပ်ဆောင်နေကြောင်း သတင်းသိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မိုင်းရယ်မြို့နယ် အပါအဝင် သျှမ်းပြည်တဝှမ်းလုံး၌ တရား မဝင် လုပ်ငန်းများ၊ မူးယစ်သယ်ယူ ရောင်းဝယ်မှုများ လုပ်ကိုင်သူများပြားလာပြီး ဒေသအတွင်း မငြိမ်မသက်မှုလည်း တစ်နေ့ထက် တစ်နေ့ များပြားလာကြောင်း ဒေသခံများက ပြောဆိုသုံးသပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...