Friday, February 6, 2026

စစ်ကောင်စီ

သျှမ်းတောင်စစ်ဘေးရှောင်များ အလှူရှင်မရှိ ဆန်ပြုတ် သောက်နေရ

သျှမ်းတောင်ရှိ စစ်ရှောင်များ ယခုလအတွင်း အလှူရှင်များမရှိသောကြောင့် ဆန်ပြုတ်သောက်နေရကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဆန်ပြုတ်သောက်နေရသည့် သျှမ်းတောင် စစ်ရှောင်များမှာ ဆီဆိုင်၊ ပင်လောင်း နှင့် ညောင်ရွှေမှ စစ်ရှောင်များဖြစ်ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်လက စပြီး အခုလထိ အလှူရှင်တွေ မရတော့ဘူး။ ကျနော်တို့...

ကျောက်မဲမြို့နယ် လောင်းကစားဝိုင်းကြောင့် ပြည်သူများ အိပ်ရေးပျက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ အသံဆူညံမှုကြောင့် ဒေသခံ ပြည်သူများ အိပ်ရေးပျက်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် ကုန်းပေါင်းကျေးရွာအနီးရှိ မန္တလေး_ ကျောက်မဲ _ လားရှိုး ကားလမ်းမကြီးတွင် လောင်းကစားဝိုင်းအတွင်း စတိတ်ရှိုးများပါ ဖွင့်လှစ်သည့်အတွက် ပြည်သူများက အိပ်ရေးပျက်နေကြောင်း...

အေးသာယာမြို့တွင်း ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ် (၉) ရပ်ကွက်ထဲတွင် အသက် (၃၀) ကျော်ရှိ ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းကို ယမန်နေ့ (အောက်တိုဘာ ၄) ရက်တွင် တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၄ ရက်၊ နေ့လည်ပိုင်းတွင် အမှတ် (၉)...

မိုင်းရယ်မြို့နယ် တားမြစ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းတွင် တားမြစ်ဓာတု ထုတ်ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် မိုင်းရယ်မြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့စစ်ဆေးမှု ပြုလုပ်နေစဥ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း...

ကျောက်မဲမြို့နယ်က အမျိုးသမီး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ဝါးသွားခုတ်သည့် အမျိုးသမီး တစ်ဦးမှ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် တင်းလုံရွာ အရှေ့ဘက် ခြမ်းရှိ ရွာနားစပ် တောအုပ်ထဲ၌...

နမ္မတူမြို့နယ်အတွင်း စစ်ရှောင်များ ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်ပြန်ပို့ခံရမည်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းရှိ ယခုလ အတွင်း စစ်ရှောင် ၃၀၀ ကျော်ကို မဖြစ်မနေ နေရပ်သို့ ပြန်လည်ပို့ခံရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယခုလက်ရှိ နမ္မတူမြို့ကို ပြောင်းရွှေ့လာသော မြို့နယ်ထွေအုပ်အသစ်တစ်ဦးက ဦးဆောင်ပြီး လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စစ်ရှောင်များအားလုံးကို နေရပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း...

မိုင်းဖုန်းဆရာတော် ဝိဇာတပူဇာမွေးနေ့ပွဲမှာ ထီးတော်တင်ဖို့ မိုင်းဖုန်း ဗုဒ္ဓဂါယာစေတီတော်ကို ကြည့်ရှုစစ်ဆေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းဗုဒ္ဓဂါယာ စေတီတော်ကြီးကို လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ မိုင်းဖုန်းဆရာတော်မွေးနေ့ပွဲမှာ ထီးတော်တင်နိုင်ဖို့အတွက် ယနေ့ အောက်တိုဘာ (၄) ရက်နေ့ မနက်ပိုင်းကမိုင်းဖုန်းဆရာတော် ကိုယ်တိုင် ကြွရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ (၃) နှစ် (၃)...

PNO နှင့် RCSS တို့ တွေ့ဆုံမှုမရှိဟု PNO ငြင်းဆို

ယခု ရက်ပိုင်းအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် နယ်မြေ ခွဲဝေရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု လူမှုကွန်ယက်ပေါ် သတင်းထွက်ပေါ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယခင် (ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) ရလလခ...

တီကျစ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁ ဦး ထောင်ဒဏ် ၁၀ နှစ် ချခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဘိလပ်မြေစက်ရုံရှေ့တွင် စစ်ကောင်စီက စစ်ဆေးမှုပြုလုပ်နေပြီး ဖမ်းဆီးသွားသည့် ဒေသခံ တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် ထောင်ဒဏ် ၁၀...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...

Latest news