နမ္မတူမြို့နယ်မှ ကုန်းယယားစစ်ရှောင်များ နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းကယားကျေးရွာ နှင့် ဆင်လီကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်သွားကြောင်း သတင်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၅) ရက် နံနက်ပိုင်းတွင် နမ္မတူမြို့ပေါ်ရှိ ပုဗ္ပါရုံကျောင်းတိုက်သို့ ရောက်ရှိလာသည့် ကုန်းကယားရွာ နှင့် ဆင်လီရွာမှ ပြည်သူများ ပြန်သွားကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အားလုံးက ဒီနေ့မနက်မှာပဲ ပြန်သွားကြပါတယ်၊ ကားတွေကို ငှားပြန်တဲ့သူရှိတယ်၊ ထော်လာဂျီနဲ့ ပြန်တဲ့သူတွေ ရှိတယ်။ ရွာတွေဘက်မှာ တိုက်ပွဲငြိမ်သွားလို့ ပြန်သွားကြတာတဲ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ

အဆိုပါ စစ်ဘေးရှောင် ပြည်သူတို့သည် စုစုပေါင်း (၃၀၀) နီးပါးခန့်ရှိနေပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ပူးပေါင်းတပ်ဖွဲ့ KIA၊ PDF တို့ တိုက်ပွဲကြောင့် တစ်ပတ် ၇ ရက်ကြာအောင် စစ်ရှောင်ရောက်ရှိနေကြသူများဖြစ်သည်။

နမ္မတူမြို့နယ်မှ ကုန်းကယားကျေးရွာနှင့် ဆင်လီကျေးရွာတို့ဘက်တွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း နမ္မတူမြို့နှင့် ထိစပ်နေသည့် မန်တုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF တပ်တို့ တိုက်ပွဲပြင်းထန်နေသေးကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့ နမ္မတူမြို့နယ်မှာ တိုက်ပွဲက ငြိမ်သွားလို့ စစ်ရှောင်တွေက နေရပ်ပြန်သွားကြပေမဲ့ ဒီကနေ ၁၄ မိုင်လောက်ပဲဝေးတဲ့ မန်တုံမြို့နယ်ဘက်မှာ တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ မနေ့တိုက်ပွဲမှာ စစ်ကောင်စီတွေ လက်နက်ကြီးနဲ့ ပစ်လို့ (မန်တုံမြို့နယ်မှ) အိမ်တစ်လုံး ပျက်စီးရတယ်၊ ဒီနေ့လည်း ၅ နာရီကတည်းက ပစ်ခတ် သံတွေ ကြားနေရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊ PDF တို့သည် မန်တုံမြို့နယ် မြို့မရပ်ကွက်အနီး၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြပြီး မန်တုံဘက်မှ ဒေသခံပြည်သူတချို့ နမ္မတူဘက် စစ်ရှောင်ထွက်ပြေးလာရကြောင်းလည်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက နမ္မတူမြို့နယ်ဘက် စစ်ရှောင်ရောက်လာသည့် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် မန်တုံမြို့နယ်မှ ပန်ကော်ရွာ၊ လွယ်စပိတ်ရွာ၊ လွယ်ကန်ရွာနှင့် လွယ်အန်ရွာမှ စစ်ရှောင်ဟောင်းများကို ယခုလ (အောက်တိုဘာလ) ၁၅ ရက် မတိုင်ခင် နေရပ်ပြန်ကြရန် စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်မှ အမိန့်ညွှန်ကြားစာ ထုတ်ပြန်လာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...