Thursday, April 25, 2024

စက်သုံးဆီဈေး မကျသေးသည့်အတွက် ကျိုင်းတောင်းပြည်သူများ အခက်အခဲကြုံတွေ့နေရ 

Must read

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်အတွင်းတွင် ၅ လ တာကာလအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်လီတာ ၃၆၀၀ ကျပ်ဝန်းကျင်မှ ကျဆင်းခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေ ကြောင်း သတင်းသိရသည်။

စက်သုံးဆီ

ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်အတွင်းမှ စက်သုံးဆီဈေးနှုန်းများသည် ဓါတ်ဆီ 92 တစ်လီတာလျှင် ၃၃၅၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၃၅၀၀ ကျပ်မှ ၃၆၀၀ အထိ ဈေးနှုန်းရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“စစ်အာဏာသိမ်း နောက်ပိုင်း ဒီနှစ်လယ်အချိန်ကနေ စတင်ပြီး ကျနော်တို့မြို့(ကျိုင်းတောင်း)မှာ စက်သုံး ဆီဈေး ၃၀၀၀ အောက်ရောက်တယ်လို့ မရှိဘူး၊ အနည်းဆုံးဈေးက ၃၁၀၀ တဲ့၊ အဲ့ကြောင့် ပြည်သူတွ ခက်ခဲရ တာပေါ့၊ လယ်သမားတွေဆို ဆီဈေးမတတ်နိုင်လို့ ၃ ပုံမှာ ၂ ပုံပဲ လယ်ထွန်စိုက်ပျိုးနိုင်ကြတယ်” ဟု ကျိုင်းတောင်းမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

အရင်နှစ် လယ်ထွန်စိုက်ပျိုးကာလတွင် လယ်ထွန်စက်အကြီး တစ်နာရီလယ်ထွန်ခ ၃၅၀၀၀ ကျပ်၊ စက်အသေး ၇၀၀၀ ကျပ် ရှိနေသော်လည်း ယခုနှစ် ၂၀၂၂ တွင် လယ်ထွန်စက် အကြီး တစ်နာရီကို ၆၀၀၀၀ ကျပ်၊ အသေးကို ၁၃၀၀၀ ကျပ်ပေးဆောင်ရသည့်အတွက် တချို့လယ်သမားများက မတတ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် သျှမ်းပြည်မှ တောင်ကြီးမြို့အပါအဝင် တခြားသော မြို့တော်တော်များများ တွင် စက်သုံးဆီဈေးနှုန်းများသည် တစ်လီတာလျှင် ၂၃၀၀ ကျပ်နီးပါးသာ ရှိနေကြောင်း သတင်းသိရသည်။ 

Leave a Comments

- Advertisement -spot_img

Latest article