နမ့်စန်မြို့နယ်ရုံးမှာ မှတ်ပုံတင်လုပ်သူများကို ကျပ် (၂) သိန်းဆီတောင်းယူ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးတွင် ယခုလတွင်း မှတ်ပုံတင်သွားလုပ်ကြသူများကို ဦးစီးမှူးက တစ်ယောက်ကို ကျပ် (၂) သိန်းဆီတောင်းယူနေကြောင်း စုံစမ်းသိရှိရသည်။

နမ့်စန် မှတ်ပုံတင်

ပြီးခဲ့တဲ့ရက်ပိုင်းတွင် အသက် (၁၈) နှစ်အောက် ကလေးမှတ်ပုံတင်ကို မြို့နယ်ဦးစီးမှူးရုံးသို့ သွားလုပ်ရင်း ဦးစီးမှူးက မြန်မာကျပ်ငွေ (၂) သိန်းယူခဲ့ကြောင်း ပိုက်ဆံမပေးဆောင်လျှင် မှတ်ပုံတင်မလုပ် ပေးကြောင်း နမ့်စန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ရုံးထဲကိုရောက်လာပြီဆိုရင် ပိုက်ဆံအရင်တောင်းတယ်။ ပိုက်ဆံမပါရင် မပြုလုပ်ပေးဘူး၊ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ ဦးစီးမှူးကို (၂) သိန်းပေးလိုက်တော့ မှတ်ပုံတင်လည်း ရလာတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

ယခင်က မြို့နယ်ဦးစီးမှူးရုံးသို့ မှတ်ပုံတင်သွားလုပ်ရာတွင် ပိုက်ဆံတောင်းယူခြင်းရှိသော်လည်း အများအပြား တောင်ယူခြင်းမရှိခဲ့ကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုက်ဆံပိုတောင်းယူလာနေကြောင်း သိရသည်။

ထို့ပြင် မြို့နယ် ဦးစီးမှူးကို မှတ်ပုံတင်လုပ်ခ မြန်မာကျပ်ငွေ (၂)သိန်းမပေးသည့်အတွက် (၅)လကြာသော်လည်း ဦးစီးမှူးမှ အကြောင်းပြချက်အမျိုးမျိုးဖြင့် မှတ်ပုံတင် မထုတ်ပေးသေးကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် နမ့်စန်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မှတ်ပုံတင်လုပ်နေတာလည်း (၅) လရှိနေပြီ။ ဦးစီးမှူးက အကြောင်းပြချက် အမျိုးမျိုးပဲ၊ အထက်ကို တင်ထားတယ် မကျလာသေးလို့၊ မရသေးဘူးလို့ပဲ အကြိမ်ကြိမ် ပြောလာနေတယ်။ ဒီချိန်ကပိုက်ဆံ ရှာလို့ခက်တဲ့အချိန်မှာ စားဝတ်နေရေးအတွက်လည်း ဖြေရှင်းရသေး၊ သူတို့ကိုသိန်းနဲ့ချီပြီးပိုက်ဆံ မပေးနိုင်ဘူး “ ဟု နမ့်စန်ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ စစ်အာဏာသိမ်းပြီး (၂) နီးပါးကာလတွင် သက်ဆိုင်ရာ အာဏာပိုင်များကလည်း စားဝတ်နေရေး ကျပ်တည်းလာသည့်အတွက် ပြည်သူထံ၌ ပိုက်ဆံလိမ်လည် တောင်းယူခြင်းကို အရေးဆောင်ရွက်ပေးစေ လိုကြောင်း ဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...