Thursday, April 25, 2024

ဆီဆိုင်မြို့နယ် ဈေးဆိုင်များ မီးရှုး၊ မီးပန်း ရောင်းချပါက အရေးယူမည်

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးဆိုင်များ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ ရောင်းချခြင်းများပြုလုပ်ပါက မြို့နယ်စည်ပင်က အရေးယူမည်ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၄) ရက် ထုတ်ပြန်ချက် အရသိရသည်။

“အရင်နှစ်ကတည်းက တားမြစ်ထားပါတယ်။ သီတင်းကျွတ် ရောက်ပြီဆိုရင် ဗျောက်အိုးမဖောက်ဖို့၊ မရောင်းဖို့ တားမြစ်တာပေါ့။ COVID-19 ဖြစ်ကတည်းက သီတင်းကျွတ်လမှာ ဘာပွဲလှမ်းသဘင်မှ မပေးလုပ်ဘူး။ လူငယ် တွေတော့ သီတင်းကျွတ် ရောက်ပြီဆိုရင် ပွဲလှမ်း သဘင်လုပ်ဖို့၊ မီးရှူး၊ မီးပန်း ဖောက်ဖို့တော့ မျှော်လင့်နေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပုံ ဟောင်း/ ဆီဆိုင်မြို့မစျေး သက်ဆိုင်ရာ တာဝန်ရှိသူများ နှာခေါင်းစည်း တပ်ရန် လိုက်လံသတိပေးစဥ်

အဆိုပါ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ ဖောက်လွှတ်ခြင်းကြောင့် ပြည်သူများ၊ သက်ကြီးရွယ်အိုးများ အထိတ်တလန့်ဖြစ်ရခြင်း၊ နာမကျန်းရောဂါ ခံစားသူများ စိတ်နှောက်ယှက်ကြောင့် စည်ပင်က တားမြစ်ထားကြောင်း ထုတ်ပြန်ထားပါသည်။

ဆီဆိုင်မြို့နယ် မြို့မဈေး၊ နောင်မွန်ဈေး၊ ဆိုက်ခေါင်ဈေး၊ ဘန်းယဉ်ဈေးတွင်းရှိ ဈေးဆိုင်များမှာ မီးရှူး၊ မီးပန်း၊ ဗြောက်အိုးများ၊ ပေသီး၊ ပေအိုးများ သိုလှောင်ခြင်း၊ ရောင်းချခြင်းလုံးဝ မပြုရန် နှင့် လိုက်နာမှုမရှိပါက တည်ဆဲ ဉပဒေနှင့် အညီ အရေးယူမည် ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article