Saturday, February 7, 2026

စစ်ကောင်စီ

အနံ့ဆိုးထွက်သည့် တာချီလိတ်မြို့မှ ကျောက်မီးသွေးသုံး ထုံးဖို ယာယီရပ်နားခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝလုံးကျေးရွာ အုပ်စု လွယ်သထုံကျေးရွာ အနီးမှ အနံ့ဆိုးများထွက် သည့် ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံသည် ယာယီရပ်နားရန် ညွှန်ကြားခြင်း ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထုံးဖိုတည်ရှိရာ လွယ်သထုံရွာသို့ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊...

မူဆယ်မြို့တွင်း ပြည်သူသွားလာသည့်နေရာအနီး ဗုံးမဖောက်ရန် တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PSDF သည် ပြည်သူ့စစ်ပိုင်သည့် မိုတယ်ကို တိုက်ခိုက်ရာ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူများ အိမ်ပြင်ထွက်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ်...

ကျောက်မဲ နောင်ပိန်ကျေးရွာ လောင်းကစားဝိုင်းလက်နက်ကိုင်တပ်ဖွဲ့ လုံခြုံရေး ယူပေး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ပိန်ကျေးရွာ အုပ်စုမှ လောင်းကစားဝိုင်းကို လက်နက်ကိုင် တပ်ဖွဲ့မှ လုံခြုံရေး ယူပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် လုပ်ပါဘုရားပွဲကို အကြောင်းပြုပြီး လောင်းကစားဝိုင်းကို လာရောက်ဖွင့်လှစ် ဆော့ကစားကြရာ အရပ်ဝတ်ဖြင့် လက်နက်ကိုင် လူတစ်စုမှ လုံခြုံရေး...

လျှပ်စစ်မီးမမှန်မှုကြောင့် အေးသာယာ စက်မှုဇုံမှ စက်ရုံများ လည်ပတ်ရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အေးသာယာစက်မှုဇုံတွင် လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံများက လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့နယ်အပါအဝင် သျှမ်းပြည် တခွင်လုံးရှိ မြို့ကြီးတော်တော် များများတွင် လျှပ်စစ်မီးများကို ၅နာရီမီးလာပြီး ၅နာရီမီး ပြန်ပိတ်ခဲ့သည့် အစီအစဥ် စတင်ခဲ့သည်။ သို့သော် လက်ရှိတွင် လျှပ်စစ်မီး...

လွိုင်ကော် PNDF အခြေစိုက် စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှိုးသွား

ကယားပြည်နယ် လွိုင်ကော်မြိုနယ် တောင်ကြောပေါ်ကုန်းသာ အနီးတွင်ရှိသော ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ PNDF အခြေစိုက်စခန်းကို စစ်ကောင်စီမှဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကို မီးရှိုးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၅ ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီတွင် စစ်ကောင်စီမှ...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး ၇ နှစ်နှင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် ဖလိုင်တောင်ခြေ...

ကျောက်မဲမြို့နယ် SSPP အတွက် ငွေကောက်ပေးသည့်ဟုဆိုပြီး အမျိုးသားတစ်ဦး စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု ပန်မောင်ရွာ ဒေသခံ အမျိုးသားတစ်ဦးကို သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) အတွက် ဆက်ကြေး(အခွန်) ကောက်ပေးသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီတွင် အသက်(...

မူဆယ်မြို့  ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင်   ၇ ယောက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  ပြည်သူ့စစ် ၂ဦးအပါအဝင်  ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ် ၂ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး၊ ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ၇ ယောက်ရှိပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ပါတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း ဒေသခံများ ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များစစ်ဆေးမှု ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်သည် TNLA တအာင်း(ပလောင်) တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားနေပြီးမကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့...

စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျပေါက်ကွဲ စစ်ရှောင် ထပ်မံရွှေ့ပြောင်းရ

ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စစ်ရှောင်များ နေရာသစ်တို့ ထပ်မံပြောင်းရွေ့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ( နိုဝင်ဘာလ ၁၁ )ရက်တွင်  ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦး...

Latest news