Saturday, February 7, 2026

စစ်ကောင်စီ

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ညအချိန်မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ...

သိန္နီမြို့နယ် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်း သန္နီမြိုနယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွမ်လုံဘက်သွားသည့် လမ်းပိုင်းရှိ ပန်တီးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ...

နောင်ချို- ပြင်ဦလွင် ကြား စစ်ကောင်စီနှင့် မန္တလေး PDF တိုက်ပွဲဖြစ် စစ်ကောင်စီ အရာရှိတစ်ဦးသေဆုံး

သျှမ်ပြည်မြောက်ပိုင်း နောင်ချို- ပြင်ဦးလွင်ကြားစစ်ကောင်စီနှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံးကြောင်း စုံစမ်းသိရသည်။ ယခုလ နိုဝင်ဘာ ၈ ရက် နှင့် ၉ရက် တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီနှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွဦးကာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံသွားကြောင်း...

မိုးနဲမြို့ ဒေသအာဏာပိုင်များ လောင်းကစားဝိုင်း နောက်တစ်ခု ထပ်ဖွင့်ရန် စီစဥ်နေ

သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ် မိုးနဲမြို့တွင် ဒေသအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းနောက်ထပ် ဖွင့်ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဖွင့်လှစ်မည့် နယ်လှည့် ဈေးရောင်းပွဲတော်ကို အကြောင်းပြပြီး ဒေသ အာဏာပိုင်များ နှင့် စစ်မှုထမ်းဟောင်းများက ဒေသအတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လုံခြုံရေးယူခိုင်းပြီး လောင်းကစားဝိုင်း နောက်တခုထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း မိုးနဲဒေသခံများ ပြောပြချက်အရသိရသည်။  “လာမဲ့ ၁၄ ရက်နေ့ကနေ ဖွင့်လှစ်မဲ့ အဲ့ဒီလောင်းကစားဝိုင်းက ဈေးရောင်ပွဲတောကို အကြောင်းပြပြီး ဖွင့်မှာ၊ လွယ်မြေ မှာ ဖွင့်မှာလို့ သိရတယ်၊ အရင်က လောင်းကစားဝိုင်းရုံက မပိတ်သေးဘူး၊ ဒါပေမဲ့ လောင်းကစားဝိုင်း အကြီးကြီးထပ်ဖွင့်မယ်တဲ့၊နောက်ကွယ်ကလူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီက လူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်” ဟုအထက်ပါ အမျိုးသားက ပြောသည်။ လွယ်မြေ ဈေးရောင်းပွဲတော်နှင့် အတူ ဖွင့်လှစ်မည့် လောင်းကစားဝိုင်းများသည် အဓိအားဖြင့် ဖဲဝိုင်း၊ ဂုန်းကင်းဝိုင်း နှင့်လေးကောင်ဂျင်တို့ကို ဖွင့်လှစ်ဆော့ကစားမည်ဟု သိရပြီး လောင်းကစားဝိုင်း တစ်ဝိုင်းလျှင်  အခွန် ၅၀၀၀၀ ကျပ် ဖြင့်အာဏာပိုင်တွေဆီ ပေးဆောင်ရကြောင်းလည်း သိရသည်။ “လောင်းကစားဝိုင်းတစ်ဝိုင်းစာကို ဒိုင်က တစ်ညကို အာဏာပိုင်တွေဆီ ၅၀၀၀၀ ကျပ်ပေးဆောင်ရမယ်တဲ့၊ တစ်ဝိုင်းကို တစ်ညစာအတွက် ၅၀၀၀၀ တောင်ရတယ်ဆိုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ငြိမ်နေတာပေါ့” ဟု အထက်ပါ အမျိုးသားကဆက်ပြောသည်။ ထို့အပြင် မိုးနဲမြို့၌ ဖွင့်လှစ်နေလျက်ရှိသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းသည်လည်း တစ်လကျော်ကြာ လာသည့်အထိ မပိတ်သိမ်းသေးကြောင်း သတင်းသိရသည်။ အဆိုပါ ဟိုနောင်ရှိ ဖွင့်လှစ်လျက်ရှိသည့် လောင်းကစားဝိုင်းသည် SSS ပြည်သူ့စစ်တပ်ဖွဲ့မှ လုံခြုံရေးယူထား ပေးလျက်ရှိကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုလို လောင်းကစားကို တစ်လကျော်ကြာအောင် ဖွင့်နေတာက ကျမတို့ ဒေသခံအနေနဲ့တော့ လုံးဝ လက်မခံ ဘူး ပေါ့၊ဒါပေမဲ့ ပြည်သူ့စစ်ကိုယ်တိုင်က အလိုတူပြီး ပွဲခင်းထဲ နေရာယူပေးထားတာ ဆိုတော့ ကျမတို့က ဘာတတ်နိုင်မလဲ၊လောင်းကစားဝိုင်းကိုသာ လုံခြုံရေး ယူထားပေးတာ၊ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးတွေ ကတော့ တစ်နေ့တစ်ခြား ပိုဆိုးလာတယ်၊ ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင်သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

အောင်ပန်း သွေးလှူရှင်အသင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် (၄)ဦးကို တောင်လေးလုံးထောင်ပို့

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် ၎င်း၏ အဖွဲ့ဝင်(၄)ဦးကို တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ကိုတရုတ်ကြီးကို မိသားစုဝင်များက အောင်ပန်းရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်စီမှ လုံခြုံရေးအရ ဟုဆိုပြီး ၎င်းကို တောင်လေးလုံးသို့ ပို့ဆောင်လိုက်ကြောင်း အောင်ပန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက...

ကျောက်မဲခရိုင်ရဲ ဗုံးပေါက်ကွဲမှု ရဲဝန်ထမ်းများပါဝင်နေ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နိုဝင်ဘာ ၈ ရက် ခရိုင်ရဲတပ်ဖွဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် စစ်ကောင်စီလက်အောက် ရဲတပ်သားများ ပါဝင်ပတ်သက်နေသည် ဟု စုံစမ်းသိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ရဲတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကျောက်မဲမြို့နယ် အတွင်း နယ်မြေလုံခြုံမှုမရှိသည်ကိုပြသချင်သည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝန်းက...

တရုတ် အာလူးကြောင့် ပြည်တွင်းစိုက်အာလူး စျေးကွက်ပျောက်လာနိုင်

တရုတ်နိုင်ငံထွက် အာလူးကို မြန်မာနိုင်ငံသို့ တင်သွင်းမှုဆိုသည့် သတင်းကြောင့် သျှမ်းပြည် အာလူးစျေးကွက် ပျောက်လာနိုင်ကြောင်း တောင်သူများက ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ ၊ ကမ်းစုဒေသထွက် အာလူးတန်ချိန် ၃၅၀ ကို မြန်မာနိုင်ငံသို့ တင်ပို့ရန်အတွက် တရုတ်အကောက်ခွန်ဌာနက စိစစ်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ပေါက်ဖော် လူမှုကွန်ရက်စာမျက်နှာ၌...

တောင်လေးလုံးမှ နိုင်/ကျဥ်း နှစ်ဦး ပြန်လွှတ်လာ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံး အကျဥ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် နွေဦးတော်လှန်ရေးမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည်လွှတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် တောင်ကြီးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ၈၈ ကျောင်းသားဟောင်း ၊ နိုင်ကျဉ်းဟောင်း ဖြစ်သူ...

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လအိကျေးရွာနေထိုင်သည့် ကလေးတစ်ဦးအပါအဝင် အရပ်သား (၃)ဦးထိခိုက် လဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၉) ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင်...

စစ်ကောင်စီ ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင် ဒေသခံများ မသွားရဲ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှစ်စဥ်နှစ်တိုင်း စဥ်ကားစွာ ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်သဖြင့် ဒေသခံများ မသွားရဲကြကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည့် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တခုဖြစ်ပြီး ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်သည့် ပွဲတော်တခုဖြစ်သလို တောင်ကြီး ဒေသခံများအတွက် ဂုဏ်ယူစရာပွဲတော်...

Latest news