ကျောက်မဲမြို့နယ် SSPP အတွက် ငွေကောက်ပေးသည့်ဟုဆိုပြီး အမျိုးသားတစ်ဦး စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု ပန်မောင်ရွာ ဒေသခံ အမျိုးသားတစ်ဦးကို သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) အတွက် ဆက်ကြေး(အခွန်) ကောက်ပေးသည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီဖမ်းသွားသည့် လုံးပညာ

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီတွင် အသက်( ၆၀)အရွယ် ရှိ လုံးပညာကို စစ်ကောင်စီက ကျောက်မဲမြို့ အဝင်တိုးဂိတ်ကို သွားရောက်စောင့်ဆိုင်းရန် ခေါ်ဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းဆီးမှုပြီးနောက်ပိုင်းလည်း လုံးပညာကို ကျောက်မဲရဲစခန်းတွင်ချုပ်နှောင်းထားပြီး မိသားစုဝင်များနှင့် ယနေ့ထိတိုင် တွေ့ဆုံခွင့်မပြုကြောင်း မိသားစုဝင်များက ပြောသည်။

“ ဖမ်းသွားတာ ၁၅ ရက်ကျော်နေပြီး။ တိုးဂိတ်ကို သွားစောင့်ဆိုပြီးတော့ ဖမ်းသွားတာ။ အခုထိ ပြန်မလွှတ်ပေးသေးဘူး။ ရဲစခန်းကို သွားလိုက်မေးလည်း မပေးတွေ့ဘူး။ ဘာအမှုလည်း မသိရဘူး။ နေ့တိုင်းသွားတွေ့လည်း စခန်းမှူးက မပေးတွေ့ဘူး” ဟု လုံးပညာ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

လုံးပညာသည် ကျောက်မဲမြို့နယ် SSPP/SSA အတွက် ဆက်ကြေးကောက်ခံပေးပြီး ဆန်ဝယ်ပို့ပေးသူတစ်ဦးဖြစ်ကြောင်း ကျေးရွာထဲမှ အချို့ပြည်သူများက စစ်ကောင်စီကို သွားရောက်တိုင်ကြားသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

” သူကို SSPP/SSA က အခွန်ကောက်ခိုင်းပြီး ဆန်တွေဝယ်ခိုင်းတာ။ တစ်ချို့ကလည်း ဆန်တွေဝယ်လာပေးတယ်။ သူကပိုက်ဆံတွေကောက်လို့ဆိုပြီး တိုင်တဲ့သူရှိလို့ စစ်ကောင်စီက ဖမ်းသွားတာ။ သူကိုဘာလို့ဖမ်းလဲဆိုပြီးတော့ ကျမက ကျေးရွာအုပ်စု ဥက္ကဌ ကိုသွားမေးမှသိရတာ။ သူကိုတိုင်လိုက်တာဆိုတာ” ဟု မိသားစုဝင်က ထပ်လောင်းပြောသည်။

ထိုဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များက (SSPP/SSA) တာဝန်ရှိသူများကို သွားရောက်တိုင်ကြားသော်လည်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ ယနေ့ထိ ပြန်မလွှတ်လာသေးသဖြင့် မိသားစုဝင်များက စိုးရိမ် စိတ်ပူနေကြသည်။

“ ဖမ်းဆီးခံရပြီး (SSPP/SSA) ကို သွားပြောတယ်။ သူတို့ကတော့ ညှိနှိုင်းပေးမယ်တဲ့။ သူတို့ထဲက တာဝန်ရှိတဲ့သူကို လွှတ်ပေးမယ်လို့ပြောတယ်။ အခုထိလည်း ဘာမှ မထူးခြားလာဘူး။ နေ့တိုင်းသွားတောင်းတွေ့လည်း မတွေ့ရဘူး။ စိုးရိမ်နေရတယ်။ သူဘယ်လိုဖြစ်နေလဲဆိုတာ စိတ်ပူပြီး နေနေရတာ” ဟု လုံးပညာ၏ နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် နှင့် ဗိုလ်မှူးကြီး စိုင်းဆုတို့ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး ဖုန်းဝင်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

လုံပညာကို ဖမ်းဆီးပြီးကျောက်မဲရဲစခန်းတွင် ချုပ်နှောင်းထားခဲ့သည်မှာ ၁၅ရက်ရှိလာပြီဖြစ်ပြီး၊ မိသာစုဝင်များက လုံးပညာကိုတွေ့ဆုံရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ရဲစခန်းမှ တာဝန်ရှိသူက ကျပ်ငွေ ၅သောင်းပေးပါက တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

“ လုံးပညာနဲ့တွေ့ချင်ရင် ပိုက်ဆံပေးရမယ်တဲ့။ ပိုက်ဆံ ၅ သောင်းတောင်းတယ်။ သူတို့ ဒီလိုတောင်းတာ ၂ ကြိမ်ရှိပြီး။ ကျမတို့လည်း လုံးပညာကိုမတွေ့ရလို့ ပိုက်ဆံမပေးလိုက်ရဘူး။ သူကရွာက သက်ကြီးရွယ်အိုတစ်ယောက်ပဲ။ ဘာမှလည်းမလုပ်ဘူး။ အခုချိန်ထိ သူဘယ်လိုနေထိုင်နေရလဲ။ သူကျန်းမာရေးအခြေနေ မသိရသေးဘူး” ဟု မိသားစုဝင်က ပြောသည်။

သို့သော်လက်ရှိအချိန်ထိ တွေ့ဆုံးခွင့်မရသေးသည့်အပြင် ကျန်းမာရေးအခြေအနေလည်း မသိရှိရသေးကြောင်းသိရသည်။

ယခုလအတွင် နိုဝင်ဘာ ၉ ရက်တွင်လည်း ကျောက်မဲမြို့ပေါ်ရှိ ကားဂိတ်တခုထံ ပစ္စည်းသွားပို့သည့် လူငယ် (၂)ဦးကို မသင်္ကာမှုနှင့်စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...