လွိုင်ကော် PNDF အခြေစိုက် စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှိုးသွား

ကယားပြည်နယ် လွိုင်ကော်မြိုနယ် တောင်ကြောပေါ်ကုန်းသာ အနီးတွင်ရှိသော ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ PNDF အခြေစိုက်စခန်းကို စစ်ကောင်စီမှဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကို မီးရှိုးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၅ ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီတွင် စစ်ကောင်စီမှ စစ်ကြောင်းသုံးကြောင်း ခန့်မှန်းအင်အား (၂၀၀) ကျော်ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် စခန်းကို မီးရှိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ စစ်ကောင်စီက စခန်းကို လာစီးနင်းတဲ့အချိန်က ကျနော်တို့ဆီမှာ လက်နက်ခဲယမ်းလုံလောက်မှု မရှိတာကြောင့် ထိပ်တိုက်မရင်ဆိုင်ဘဲ PNDF စခန်းနှင့်ဝေးတဲ့တစ်နေရာ ခုတ်ခွာခဲ့ရတယ်။ ကျနော်တို့ သယ်ယူလို့မရတဲ့ ရိက္ခာတွေနဲ့ အသုံးဆောင်ပစ္စည်းများလည်း စစ်တပ်က မီးရှို့သွားတယ် “ ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

ထို့အပြင် ပအိုဝ်းအမျိုးသားကားကွယ်ရေး တပ်ဖွဲ့ PNDF ၏ ဘတ်တံဆိပ်နှင့် ယူနီဖောင်းများကို စစ်ကောင်စီမှ ယူဆောင်သွားပြီး အသုံးပြုနေသဖြင့် PNDF၏ညီနောင်မဟာမိတ်များ သတိထားစေလိုကြောင်း ဆိုသည်။

“ စခန်းမှာကျန်ခဲ့တဲ့ PNDF ဘတ်တံဆိပ်ရဲ့ ယူနီဖောင်းတွေကို စစ်တပ်က ယူသွားတယ်။ စစ်ကောင်စီက ကျနော်တို့ ဘတ်တံဆိပ်နဲ့ သွားလာနေတာတွေ့ရင် ကျနော်တို့တာဝန်ရှိသူနဲ့ ဆက်သွယ်အကြောင်းကြား လာနိုင်တယ် “ ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီမှ စခန်းကိုဝင်ရောက်နီးစင်းခဲ့ရာ ပြည်သူ့ကာကွယ်ရေး တစ်ဦးသေဆုံးခဲ့ပြီး သေဆုံးနေသူသည် ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် သေဆုံးသူသည် မည်သူ မည်ဝါကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...