Saturday, April 20, 2024

မူဆယ်မြို့  ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင်   ၇ ယောက် ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး  ပြည်သူ့စစ် ၂ဦးအပါအဝင်  ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။

မူဆယ်မြို့

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ် ၂ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး၊ ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ၇ ယောက်ရှိပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ပါတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း ဒေသခံများ ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များစစ်ဆေးမှု ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်သည် TNLA တအာင်း(ပလောင်) တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားနေပြီးမကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article