Saturday, May 4, 2024

စစ်ကောင်စီ

တောင်ကြီးမြို့ စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ဖုန်းစစ်ဆေးမှု ပြုလုပ်ပြီး ပိုက်ဆံတောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်လမ်းများတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က စောင့်ဆိုင်းနေပြီး လမ်းသွား၊ လမ်းလာများကို လိုက်လံတားဆီးကာ ဖုန်းများ စစ်ဆေးမှု ပြုလုပ်ပြီး၊ ဖုန်းမပါရှိပါက...

တောင်ကြီး PSI စလောင်းတပ်ဆင်သည့်အိမ် စစ်ကောင်စီ လိုက်လံစစ်ဆေးနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် PSI Satellite Myanmar စလောင်းတပ်ဆင်ထားသည့် နေအိမ်များကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အုပ်စုက လိုက်လံစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ PSI စလောင်းတပ်ဆင်းထားသည့် အိမ်များကို ယနေ့ (ဧပြီ ၉ )ရက် တွင် လိုက်လံစစ်ဆေးနေသဖြင့် PSI တပ်ဆင်ထားသည့်နေအိမ်များ ဖြုတ်နေရကြောင်း...

ကျောက်မဲမြို့ ညအချိန်မတော် သေနတ်ပစ်ခတ်မှု မကြာခဏဖြစ်လာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နယ် မုံလာခြံကျေးရွာတွင် ယမန်နေ့(ဧပြီ ၈)ရက် ည ၁၁နာရီ ဝန်းကျင် ခန့် တွင် သေနတ်ပစ်ဖောက်သံကြားနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ည (၁၁)နာရီ အချိန်တွင် ကျောက်မဲမြိုု့နယ် မုံလာခြံကျေးရွာအတွင်းသို့ အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင်မှဆိုင်ကယ်ဖြင့် ဝင်လာပြီး သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့်...

သတင်းမှန်ကန်မှု မရရှိစေရန် အာဏာသိမ်း စစ်ကောင်စီ နည်းမျိုးစုံ ပြုလုပ်နေ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ပြည်သူများ သတင်းမှန်ကန်မှု မရရှိရန် အတွက် PSI Satellite Myanmar မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB channel များကို ပိတ်ထားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၈) ရက်တွင် PSI မှ...

အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးသွားပြီးသေဆုံးသည် ကိုအောင်ပိုင်သူကို ယာဉ်တိုက်မှုဖြင့်သေဆုံး ဟု ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားသည့် တောင်ကြီးလူငယ်တဦးကို ယာဉ်တိုက်မှုဖြင့် သေဆုံးသည် ဟု အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဧပြီ (၄)ရက်တွင် တောင်ကြီးမြို့ညောင်ဖြူစခန်း အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရာ သွားရောက်ကူငြိမ်းသက် ပေးသည့် ကိုအောင်ပိုင်သူ ကို အာဏာသိမ်းစစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားပြီး၊...

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ကို SSPP ပစ်ခတ် အဆင့်မြင့် အရာရှိတဦး ထိမှန်

အာဏာသိမ်းစစ်ကောင်စီ ၏ ရဟတ်ယာဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပစ်ခတ်သဖြင့် အဆင့်မြင့်အရာရှိ တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၈) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP /SSA ၏ ဌာနချုပ်...

အာဏာသိမ်းစစ်ကောင်စီ မှ ပြုလုပ်မည့်သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် လူငယ်များပြော

မကြာမီ ရောက်ရှိလာမည့် သင်္ကြန်ပွဲတော်ကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ က ကျင်းပရန် စီစဉ်နေကြပြီး သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် သျှမ်းပြည်လူငယ်များက တောင်းဆိုကြသည်။ ဖေဖော်ဝါရီ ၁ရက်မှစတင်ကာ ပြည်သူ့ အာဏာကို စစ်တပ်က သိမ်းပိုက်ပြီးနောက် “ စစ်အာဏာ အလိုမရှိကြောင်း” မြန်မာတဝှမ်း တွင်...

ကျောက်မဲ အရပ်သား (၂)ဦးကို အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းသွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့(ဧပြီ ၇)ရက် ည (၈နာရီ) ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ပစ်ဖောက်ပြီး အရပ်သား (၂) ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ည (၈) နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ အင်အား အများအပြားဖြင့် ထို...

ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး

သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ယမန်နေ့ (ဧပြီ ၆)ရက် ၌ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ လူငယ်(၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၆)ရက်တွင် ဖမ်းဆီးခံရသည့် လူငယ် (၂)ဦးမှာ ကိုဖြိုဝေစိုး နှင့် ကိုစောကျော်သူရတို့ဖြစ်ကြပြီး မည်သည့် ကိစ္စကြောင့်...

လာရှိုးမြို့တွင် လူငယ် ၃ ဦး ထပ်မံဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထိုလူငယ် ၃ ဦးကို လာရှိုးမြို့ ရပ်ကွက် (၅၊ ၆ ၊၇) တွင်နေထိုင်သည့် လူငယ် (၃)ဦးကို ဧပြီလ ၃ ရက် နေ့လည်...

Latest news