Monday, February 9, 2026

စစ်ကောင်စီ

ပြင်ဦးလွင် ကန်တော်ကြီးပတ်လမ်း PDF အလံ​ စိုက်ထူမှု တပ်နယ် တာဝန်မှူး ကြိမ်းမောင်းခံရ

စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့၊ နာမည်ကျော် ကန်တော်ကြီးပတ်လမ်းတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီက ပြည်သူ့ကာကွယ်​ရေး တပ်မ​တော် (PDF) အလံ​ လာရောက်စိုက်ထူသွားသဖြင့် တာဝန်ကျ တပ်နယ်မှူး ကြိမ်းမောင်းခံခဲ့ရသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ လုံခြုံရေး တင်းကြပ်ထားသည့် ပြင်ဦးလွင်မြို့၊...

PNO ကို စစ်အာဏာရှင်လက်အောက်မှရုန်းထွက်ရန် PNLA တောင်းဆို

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောာင်စီတပ်ဖွဲ့နှင့်အတူ ပူးတွဲတိုက်ခိုက်နေလျက်ရှိသော ပအိုဝ်းပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAမှ ယနေ့ (ဇန်နဝါရီလ ၂၉ ရက်)၌ တောင်းဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၈ ရက်)တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO...

သျှမ်းမြောက် ယာယီအပစ်ရပ်ဟု ဆိုသော်လည်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်ရှိနေ

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် “၁၀၂၇ စစ်ဆင်ရေး” သုံးလမြောက်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ယာယီအပစ်ရပ်ဟု ဆိုသော်လည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့၏ တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု...

ဆီဆိုင်မြို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးကြောင့် ဆိုင်ခန်း ၆ ခန်းမီးလောင် ပျက်စီး

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဆိုင်ခန်း ၆ ခန်းမီးလောင်သွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နေ့လည် ၂ နာရီခွဲဝန်းကျင်မှစပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီဆိုင်မြို့မဈေးအရှေ့သို့ ကျရောက်ပေါက်ကွဲပြီး...

စစ်ကောင်စီအုပ်စု ယန္တရားမလည်ပတ်နိုင်အောင် PNLOနှင့်အတူ ပူးပေါင်ပြီး တော်လှန်မည်ဟု SSLRU က ထုတ်ပြန်

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီအုပ်စုယန္တရားများ မလည်ပတ် နိုင်တော့သည်အထိ (PNLO) တို့နှင့် ပူပေါင်းပြီး တော်လှန်စစ် ဆင်နွဲသွားမည်းဖြစ်ကြောင်း ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) က ထုတ်ပြန်လိုက်ပါသည်။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ အမျိုးသားရေးတန်းတူညီမျှခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် PNLO နဲ့ အတူတကွပူးပေါင်းကာ စစ်ကောင်စီ ယန္တယားတွေ မလည်ပတ် နိုင်တော့တဲ့အထိ...

ဆီဆိုင်မြို့တိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက် ဘုန်ကြီးကျောင်းနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းများနှင့် အရပ်သားနေအိမ် အများအပြား ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၂၃ ရက်) မှစပြီး ဆီဆိုင်မြို့ပေါ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၊ KNDF ၊PDFပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊...

သီပေါ-လားရှိုးကြား စဉ့်အင်ယာယီတံတားမှတဆင့် ယာဉ်ငယ်များ စတင်ဖြတ်သန်းနေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းပေါ်တွင် တည်ဆောက်ထားသည့် စဉ့်အင်ယာယီတံတားပေါ်မှ ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ သီပေါမြို့နယ် နမ္မချောင်းပေါ်တွင် ဆောက်လုပ်ထားသည့် စဉ့်အင် ယာယီတံတားပေါ်မှတဆင့် (၈)တန်ထက် မပိုသော ယာဉ်ငယ်များ စတင်ဖြတ်သန်းသွားလာနေပြီး...

“ကျနော်တို့အဖွဲ့အစည်းက အခုရှုပ်ထွေးနေတဲ့ကာလမှာ ဖြစ်နေတယ်”

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲသည် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ PNLA ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်ပတ်နှင့်ပူးပေါင်းထားသော အသွင်းပြည့်ပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အပြီး နောက်တစ်ရက်...

ဆီဆိုင် ခမရ (၄၂၄) ကို တိုက်ခိုက် သိမ်းပိုက်၊ နေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် ပူးပေါင်းရန် PNLA တိုက်တွန်း

သျှမ်းပြည် ဆီဆိုင်မြို့နယ် စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၄) ကို သိမ်းပိုက်လိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ယနေ့ (ဇန်နဝါရီ ၂၇ ရက်နေ့) တွင် ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်နေ့) စစ်ကောင်စီနှင့်...

မဲနယ်တောင် ဒေသခံများ တိုက်ပွဲကြားနေရပ်ပြန်ရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးရွာမှ ထွက်ပြေးတိမ်းရှောင်ရသူများသည် တိုက်ပွဲကြား စိုးရိမ်ပူပန်မှုဖြင့် နေရပ်ပြန်နေကြကြောင်း စုံစမ်းသိရသည်။ ဟိုပုံးနှင့် ဆီဆိုင်ကြားရှိ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဟိုပုံးမြို့ပေါ်တွင်လည်း တိုက်ပွဲများ ကူးစက် ဖြစ်ပွားလာနိုင်သည့်အတွက် ဟိုပုံးမြို့ မဲနယ်တောင်ဒေသ စံဖူးရွာက စစ်ရှောင်များမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသေးသော်လည်းနေရပ်ကို...

Latest news