Friday, September 13, 2024

ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် နေအိမ်ကို စစ်တပ် ၀င်ရောက် ရှာဖွေစစ်ဆေး

Must read

သျှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီ ၏ ကလောမြို့ အမှတ် (၅) ရပ်ကွက်၊ မြို့မလမ်းရှိ နေအိမ်သို့ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) နံနက် ၁၀ နာရီခန့်တွင် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါ နေအိမ်တွင် ဒေါ်ပြုံးကေသီနိုင် နေထိုင်ခြင်း မရှိတော့ကြောင်း ယခု လာရောက် ရှာဖွေ စစ်ဆေးရသည့် အကြောင်းအရင်းကို မသိရှိရသေးကြောင်း မြို့ခံက ဆိုသည်။

“လက်နက် အပြည့်အစုံနဲ့ ရဲတွေကော တရားရေးဌာနက ဝန်ထမ်းတွေကောပါတယ်။ ဘာအတွက် ၀င်စစ်တာလဲတော့ သေချာ မသိရသေးဘူး” ၎င်းကရှင်းပြသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၃ နှစ်တိုင် ပျောက်ကွယ်နေသည့် ဒေါ်ပြုံးကေသီနိုင် ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှုဖြင့် အမှုဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေါ်ပြုံးကေသီနိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အပြတ်အသတ် အနိုင်ရခဲ့သူ ဖြစ်သည်။

ဒေါ်ပြုံးကေသီနိုင်သည် NLD အစိုးရကာလ ပြည်သူ့လွှတ်တော်တွင် ဆွေး‌နွေးမှုများနှင့် ကိုဗစ်ကာလ မြို့နယ်အတွင်း စွမ်းဆောင်ခဲ့မှုများကြောင့် လူသိများသူ ဖြစ်သည်။

ကိုဗစ်ကာလ အတွင် ၎င်း စီမံခန့်ခွဲခဲ့သည့် ကလောမြို့ ပျံကျစေ◌ျးသည်များ ထီဆင်တူဖြင့် စနစ်တကျ ရောင်းချနေသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ရေပန်းစားခဲ့သေးသည်။

Leave a Comments

- Advertisement -spot_img

Latest article