Wednesday, January 28, 2026

စစ်ကောင်စီတပ်နှင့် PNA တပ်သားအတွက် ညောင်ရွှေဒေသခံ နေ့စဥ်ထမင်းပို့နေရ

သျှမ်းပြည် ညောင်ရွှေမြို့ရှိ စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNA)တပ်သားများကို ဒေသခံများက နေ့စဥ်ထမင်းပို့နေရသဖြင့် အခက်အခဲဖြစ်နေကြာင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

ညောင်ရွှေမြို့နယ်ရှိ မှော်ဘီလမ်းစုံ အဝိုင်းပတ်တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီတပ်သားများနှင့် PNA တပ်သားများအတွက် ထမင်းထုပ်ကို တစ်အိမ်တစ်ထုပ် ရက်တိုင်း ပို့ဆောင်ပေးနေရသောကြောင့် ဒေသခံများအတွက် စားဝတ်နေရေး အခက်ခဲရှိလာကြောင်းသိရှိရပါသည်။

“နေ့တိုင်းပို့ရတယ်။ ကိုယ်စားဖို့က အသာထား သူတို့အတွက်ကို ဦးစားပေး လုပ်နေရတယ်။ မဟုတ်ရင် သူတို့က မထင်ရင် မထင်သလို ဆဲတယ်။ အကြာင်းမရှိ အကြောင်းရှာပြီး မပစ်သတ်ဘူးလို့ပြောမရဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ထိုသို့ ပို့ဆောင်နေရသည်မှာ ၅ လခန့် ကြာမြင့်ပြီဖြစ်ပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ ပို့ဆောင်နေရတာကြောင့် ဒေသခံများတွက် စားသောက်ရေးပါ အခက်အခဲရှိလာပြီး လုံခြုံရေးအရလည်း စိတ်ပူနေရကြောင်းကို အခုလိုပြောပြထားသည်။

” ကိုယ်စားဖို့တောင် အနိုင်နိုင်ဆိုနေမှ သူတို့ကို ပို့နေရတော့ စားဖို့ဘယ် ကျန်တော့မှာလဲ။ ခေတ်ကာလကလည်း မကောင်း ပိုက်ဆံရှာဖို့ကခက်တော့ ဝင်ငွေကမရှိနဲ့ အဆင်မပြေနေဘူး။”ဟု ထိုအမျိူးသားက ထပ်ဆင့်ပြောထားသည်။

ဒေသခံများသည် ဆန်အိတ်ကို တစ်အိတ်သာ သယ်ဆောင်ခွင့်ရှိပြီး တစ်အိတ်ထက်ပိုလျှင် ကရင်နီပြည်ဘက်သို့ ထောက်ပံ့နေသည်ဟု စွပ်စွဲ ပြောဆိုမှုများလုပ်ကာ ပြန်သိမ်းသွားကြောင်း ဒေသခံများထံမှ သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...