အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုး၊ သျှမ်းဝန်ကြီးချုပ် အစားထိုးခန့်

အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးကာလကို နောက်ထပ်(၆)လ သက်တမ်းတိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလသက်တမ်းကို ၅ ကြိမ်မြောက်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုအစိုးရကိုလည်း ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှု နှိမ်နင်းဆောင်ရွက်ခြင်း အခြေအနေ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအခြေအနေနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်နေသည့် အခြေအနေများကို အကြောင်းပြပြီး ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ပေးခဲ့သည်။

“နောက်ထပ် သက်တမ်းတိုးတာ မတိုးတာက အရေးမကြီးဘူး၊ သူတို့က အမှန်တကယ် အပြောင်းအလဲ လုပ်မလား မလုပ်ဘူးလား ဆိုတာက ပိုအရေးကြီးတာ။ အခု လုပ်နေတာက လူကိုပဲ ပြောင်းနေတာ၊ လုပ်နည်းလုပ်ဟန် ပြောင်းလာမလားဆိုတာ ထပ်ပြီးစောင့်ကြည့်ရဦးမယ်”ဟု နေပြည်တော်မှ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ၎င်း၏ သဘောထားအမြင်ကို သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ စစ်ကောင်စီက ရွေးကောက်ပွဲထပ်မံကျင်းပနိုင်ရန် ခြေလှမ်းပြင်ဆင်လာပြီး ယခင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားပေးလိုက်ပြီး ဦးကိုကို ဖြင့် အစားထိုးခန့်အပ်ထားသည်။

ထို့အပြင် စစ်ကောင်စီက ညီနောင်မဟာမိတ်တပ်များထံ တပ်စခန်းအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရသည့် သျှမ်းပြည်တွင်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ဇော်အေး ကို ဦးအောင်အောင်ဖြင့် အစားထိုးခန့်အပ်ကြောင်း ထုတ်ပြန်လာခဲ့သည်။

“အခု ပြည်သူတွေက ရွေးကောက်ပွဲကို မမျှော်လင့်ဘူး။ ပြည်သူတွေ မျှော်လင့်နေတာက တိုင်းပြည် အေးအေးချမ်းချမ်းနဲ့ နေရပ်ပြန်နိုင်ပြီး သားသမီးတွေ ပညာဆက်သင်နိုင်ဖို့ပဲ။ ဒီလို အပြောင်းအလဲမျိုး ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိတာပေါ့”ဟု နေပြည်တော်စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ်ကာလ သက်တမ်းတိုးခြင်းဆိုင်ရာ ပုဒ်မ ၄၂၅ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးပါက သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်း တိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသော်လည်း သာမန်မဟုတ်သည့် အခြေအနေဟုဆိုကာ စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်းတိုးမှုသည် ယခုအကြိမ်ဆိုလျှင်(၅) ကြိမ်မြောက်အထိ ရှိလာနေပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...