ဆီဆိုင်မြို့နယ်မှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရိုက်နှိက်၍ အမျိုးသား ၁ ဦးသေဆုံး

သျှမ်းပြည် ဆီဆိုင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များကို မြို့အထွက်ရှိ စစ်ကောင်စီတပ်ဖွဲ့များက စစ်ဆေးရိုက်နှိက်ခဲ့သဖြင့် စစ်ရှောင်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် နောင်အယ်ရွာမှ အမျိုသားတစ်ဦးသည် တိုက်ပွဲကြောင့် ဆိုက်ခေါင်ကျေးရွာဘက်သို့ ထွက်လားပြေးတိမ်းလာနေစဉ် မြို့အထွက်ရှိ စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်စခန်းရှေ့မှ စစ်ကောင်စီတပ်သားနှင့်ထိပ်တွေ့ပြီး စစ်ဆေးရိုက်ခံရ၍ သေဆုံးသွားကြောင်း ဆီဆိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“အရင်လာတဲ့သူတွေကို ဖမ်းထားပြီးချုပ်ထားတာ။ နောက်ကလာတဲ့သူတွေလည်း ပစ်ပြီးရပ်ခိုင်းတော့ အဲ့မှာရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူကကြားထဲခံရပြီး ဆုံးသွားတာ။ အလောင်းကို သယ်လာချိန်မှာတော့ သေနတ်ဒဏ်ရာထားတာ မတွေ့ဘူး။ နှာခေါင်းနဲ့ ပါးစပ်မှာ သွေးတွေထွက်နေတာတော့ တွေ့တယ်” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသွားသူသည် အသက် ၅၀ ကျော် ဦးခွန်သြဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၄ ရက်) မှစပြီး ဆီဆိုင်မြို့ပေါ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဒေသခံနှင့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ပစ်မှတ်ထားပြီး စစ်ဆေးမေးမြန်းကာ ရိုက်နှိက်မှုပြုလုပ် နေလျက်ရှိကြောင်း ဆိုသည်။

“ကျနော်အတွေ့အကြုံအရဆိုရင် နေရာမှာတင် ပွဲရှင်းပြီးပါပဲ။ ဒီတိုက်ပွဲကြားထဲမှာ ဒီလိုဖြစ်စဉ်တွေ ကြုံနေရတဲ့သူ ၅ ခါကျော်လောက်ရှိပြီ။ ဆီဆိုင်မြို့တွင်းထဲမှာကော၊ မြို့အဝင်အထွက်မှာကော ဖြစ်တာ။ တချို့လက်လှမ်းမမှီတဲ့ သတင်းတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ ဇန်နဝါရီလ ၂၆ ရက်တွင်လည်းဆီဆိုင်မြို့နယ် အခြေစိုက် ခမရ (၄၂၄) တပ်စခန်းအတွင်း ခြေတစ်ဖက်ကျိုးဒဏ်ရာနှင့် လက်ပြန်ကြိုးတုတ် သေဆုံးနေသည့် အချုပ်သားအလောင်း ၁ လောင်းတွေ့ရှိခဲ့သည်။

သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် စာရင်းမှတ်တမ်းအရ ဆီဆိုင်မြို့အတွင်း တိုက်ပွဲကြား ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...