မိုးမိတ်စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ရှောင်များကို သေနတ်ပစ်

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်က ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ပြီး ပြည်သူနေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်သို့ ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင်များကို သေနတ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများက လက်ခုပ်တန်းနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ပြည်သူနေအိမ်များထဲသို့ ပစ္စည်းဝင်ရောက်ခိုးယူကာ မီးရှို့ဖျက်ဆီးနေကြောင်း မိုးမိတ်မြို့ စစ်ဘေးရှောင်များက ပြောသည်။

“မြို့ထဲကို သူတို့တပ်ဘက်က ပေးမဝင်ဘူး ပိတ်ထားတယ်။ အခုဆို စားစရာမရှိလို့ ကိုယ့်အိမ်ထဲက ဆန်သွားသယ်တာ သေနတ်နဲ့ ပစ်ခံရလို့ ခြေထောက်ကို သေနတ်မှန်သွားတယ်။ တော်တော်ဆိုးဆိုး ဝါးဝါးပဲ။ အခုက တပ်မိသားစု အချင်းချင်းတောင် မရဘူး”ဟု မိုးမိတ်မြို့ဒေသခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တို့၏ နှစ်ဘက်ထိတွေ့တိုက်ပွဲ တစ်လအတွင်း စစ်ဘေးရှောင်ဦးရေ တစ်သောင်းခန့်သည် မန္တလေး၊ ပြင်ဦးလွင်မြို့ဘက်သို့ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ခုပ်ပင်နှင့် မိုးဘုံရွာတွင်လည်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ခိုလှုံလျက်ရှိကာ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

“မြို့ရှောင်လမ်းနဲ့ ရွှေစာလီဘက်ကနေ သူတို့မသိခင် ဝင်သွားတဲ့အချိန် စစ်ကြောင်းတွေနဲ့ တိုးရင် ကြိုးချည်တုပ်ပြီး ဝမ်းလျားမှောက်ခိုင်းတာ၊ လွတ်စေချင်ရင် ပိုက်ဆံ ၅ သိန်းပေးဆိုပြီးတော့မှ အဲ့လိုလုပ်တာ။ အိမ်ကောင်းတွေဆိုလည်း စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်သွားတယ်၊ ပစ္စည်းတွေ စိတ်ကြိုက်ယူပြီးမှ အိမ်ကို မီးရှို့သွားတာ”ဟု မိုးမိတ်မြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့က မိုးမိတ်မြို့လယ်လမ်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်ကယ်အရောင်းဆိုင်များမှ ကျပ်သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ ဆိုင်ကယ်အများအပြားကိုလည်း မိုးမိတ်စစ်ကောင်စီတပ် ခလရ-၂၇၆ မှ ကားကြီးများဖြင့် သယ်ဆောင်သွားခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မိုးမိတ်ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်နှင့် ရဲစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ် KIA က ဇန်နဝါရီလ ၂၄ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် စစ်ကောင်စီတပ်က မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့၏ မိုးမိတ်မြို့နယ် တိုက်ပွဲတစ်လအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး မိုးမိတ်မြို့မဈေးနှင့် ပြည်သူနေအိမ် ၁၀၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...