Saturday, July 20, 2024

ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ညီးနောင်မဟာမိတ် ၃ ဖွဲ့ သဝဏ်လွှာပေးပို့

Must read

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးရှိများသည် အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်အပါအဝင် ဗမာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးရန်အတွက် စစ်ဏာရှင်တို့ကို တော်လှန်ရေးတော်လှန်ရေးတိုက်ပွဲဝင်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွား တိုက်ပွဲဝင်နေခဲ့ကြောင်း သဝဏ်လွှာထဲတွင် ရေသားထားသည်။

ယခုတစ်ကြိမ်တွင် စစ်အာဏာရှင် စနစ်တော်လှန်ရေး အရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အရှိဆုံးကာဖြစ်ပြီး ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်လူမျိုးများအတွက် ဦးဆောင်တိုက်ပွဲဝင်သော တော်လှန်ရေးအဖွဲ့အစည်း၏ ဖေဖော်ဝါရီလ ၅ ရက် ကချင်တော်လှန်ရေး ၆၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) စတင်ဖွဲ့စည်းသည် အချိန်မှ ယနေ့အထိ တော်လှန်ရေးကာလအတွင်း အသက်၊ဘဝ၊ခန္ဓာကိုယ်ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်၊သူရဲကောင်းများကို ဦးညွှတ်အလေးပြုကြောင်း သဝဏ်လွှာပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်သူလူထုတစ်ရပ်လုံးမှ လိုလားသော နိုင်ငံရေးရည်မှန်းချက်၊ (KIO/KIA) ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ရည်မှန်းချက်များ အမြန်ဆုံး ပြည်ဝစေကြောင်း ယနေ့ကျရောက်သော ကချင်တော်လှန်ရေး ၆၃ နှစ်ပြည့်နေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ လေးနက်စွာ ဆုတောင်းပေးပြီး ဂုဏ်ပြုကြိုဆိုကာ သဝဏ်လွှာပေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article