စစ်ကောင်စီ
မိုးမိတ်မြို့ကို ဆိုင်ကယ်ဖြင့်ဝင်လို့ရ သတင်းအမှား
သျှမ်းပြည် မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် မြို့ထဲသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်၍ရပြီဆိုသည့် သတင်းအမှားဖြန့်ချိနေသည်။
ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုဆိုင်ခေါင်...
တာချီလိတ်မြို့ နှဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ပျံလွန်
သျှမ်းပြည် တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ခင်းတွင် ပျံလွန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဓမ္မသီရိသည် သျှမ်းထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးဖြစ်ပြီး သက်တော် ၉၇ နှစ်၊ ဝါတော်...
လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်
သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး...
TNLA တပ်ဖွဲ့ သိမ်းပိုက်ရရှိထားသည့် မြို့များတွင်ကျင့်သုံးမည့် စစ်မှုထမ်းမူဝါဒ ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထားသည့် မြို့များတွင် ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က သိမ်းပိုက်ရရှိထားသည့် နယ်မြေများ၌ ကျင့်သုံးမည့် စစ်မှုထမ်းဆိုင်ရာ မူဝါဒတွင် အသက်(၁၆)နှစ်အထက်...
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအနီးအထိ တိုက်ပွဲဆက်ဖြစ်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲသည် ဆိုက်ခေါက်ကျေးရွာအနီးအရှေ့ဘက် လွယ်ပွတ်ကျေးရွာအထိ ဆက်ဖြစ်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်နေရာ၌ လုံခြုံရေးဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့များက...
မူဆယ်မြို့တွင်း ဓားပြတိုက်မှု ထပ်မံဖြစ်ပွား
သျှမ်းပြည်မူဆယ်မြို့ စျေးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမည်မသိ အမျိုးသားလေးဦး ဝင်ရောက် ဓားပြ တိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်) ညနေ ၇ နာရီဝန်းကျင် ကား Crown အဖြူရောင်တစ်စီးဖြင့် အမျိူးသား ၄ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်ပြီး...
မိုင်းပွန်အတွင်း စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ နှင့် SSPP ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်နေရ
မိုင်းပွန်မြို့အတွင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ ပအိုဝ်းပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်( SSPP/SSA )တပ်တို့အကြား စစ်ရေးတင်းမာမှု ကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅) ရက်တွင် မိုင်းပွန်မြို့၊ ချိုခမ်းကျေးရွာအတွင်းရှိ ချိုခမ်းဘုန်းတော်ကြီးကျောင်းဝန်း အတွင်း တပ်စွဲနေရာယူထားသည့် စစ်ကောင်စီ...
နမ္မတူမြို့အနီး KIA နှင့် PDF စစ်ဆေးရေးဂိတ်ဖြတ်သန်းခ ကောက်ယူ
သျှမ်းပြည် နမ္မတူမြို့နယ် အနီးရှိ မိုင်းတတ်ကျေးရွာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းခကို အဆမတန် တောင်းယူ နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ မိုင်းတတ်ကျေးရွာ အနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က စစ်ဆေးရေးဂိတ် ထားရှိပြီး လမ်းသွားလမ်းလာ ကားသမားများ၊ ခရီးသည် နှင့် ကုန်တင်ကား သမားများထံမှ ပိုက်ဆံ အဆမတန် တောင်းယူနေကြောင်းကို အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းတတ်ရွာကနေ ထွက်လာရင် ၅-၁၀ မိနစ်လောက်တော့ မောင်းရသေးတယ်။ အဲ့ဒီတောင်ကုန်းမှာ သူတို့ စစ်ဆေးရေးဂိတ် ဖွင့်ပြီးကားသမားတွေထံကနေ ကားအသေးဆိုရင် ပိုက်ဆံ ၃ သောင်းကျပ် တောင်းတယ်။ အံစာတုံးကားလိုမျိုးဆိုရင် ၄၀၀၀၀ ကျပ်တောင်းတယ်။ အဲ့မှာ ဈေးနည်းနည်းစစ်ရင် သေနတ်မောင်းတင်ပြီး ပေးရင် သွားရမယ်၊ မပေးရင် ဒီမှာပဲ ဆိုပြီးသေနတ်ကို ပြတာ” ဟု တွေ့ကြုံရသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်ရှိသည့် နေရာသည် လားရှိုး - မူဆယ် လမ်းကြောင်းပေါ် ရှိနေသည့်အတွက် ကားသမားများ နေ့စဥ်နီးပါးဖြတ်သန်းသွားလာ အသုံးပြုရသည့် လမ်းကြောင်းလည်း ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှ စတင်ကာ ပြင်းထန်လာခဲ့သည့် သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့်လားရှိုး - မူဆယ် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ပျက်စီးသွားခဲ့ရပြီး ကားသမားများက လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ်လမ်းကြောင်းကိုသာ ဆက်လက်အသုံးပြု နေရခြင်း ဖြစ်ကြောင်း သိရသည်။ “အရင်တုန်းကတော့ လားရှိုး - မူဆယ်ဆိုရင် အလွန်ဆုံး ၃ နာရီလောက်ပဲ မောင်းရတာပေါ့။ အခုတော့ လမ်းမှာ ကားပိတ်ဘာညာကြုံရရင် နှစ်ညအိပ် ခရီး၊ သုံးညအိပ်ခရီးလည်း ဖြစ်သွားပြီ။ လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ထွက်ရတာဆိုတော့လည်းအတိအကျမရှိဘူး။ ဆီဈေးတွေ၊ ဂိတ်ကြေးတွေလည်း အများကြီး ပေးဆောင်နေရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်း တစ်လျှောက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့အပြင် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် များကလည်း ပိုက်ဆံကိုအဆမတန်ကောက်ယူတောင်းခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်းအတွက် ယာဉ်စီးခနှုန်းထားသည် ခရီးသည်တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းထိဈေးရှိကြောင်း သိရသည်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲ ကလေးငယ် ၄ဦးသေဆုံး
ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဒီးမော့ဆိုနောက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့်...





