Thursday, May 2, 2024

မူဆယ်အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက် ဆုံးရှုံး

Must read

သျှမ်းပြည်မူဆယ်မြို့နယ်တွင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းပြည် မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက် ဖြတ်ရသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲ့ဒီအမျိုးသားကတော့ စန်းဆာ (ဝၢၼ်ႈၸၢၼ်းသႃႇ) မှာနေတာ။သူထင်ရှားရင်းနဲ့ လွိုင်ကြူလော်မှာ မိုင်းနင်းမိတာ။အဲ့‌တောင်နား မှာက ဗမာစစ်သားတွေနေတာလေ။သူတို့ မြေမြုမိုင်းတွေထောင်ထားတာ။ အခုက မူဆယ် ဗဟိုဆေးရုံးမှာ ဆေးရုံတက်နေရတယ်။” ဟု မူဆယ်ဒေသခံအမျိုးခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ နှစ်လ အတွင်း မူဆယ်မြို့နယ်တွင် မြေမြုပ်မိုင်းနှင်းမိသူ ၈ ဦး အထိရှိပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကာ ခြေထောက်ပြတ်သည့်အထိ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင်လည်း သျှမ်ပြည် သီပေါမြို့နယ် နောင်သကြားကျေးရွာ သင်္ချိုင်းးအနီးတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နှင်းမိခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်ဝှမ်း နေပြည်တော်မှလွဲ၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲတတ်သော စစ်အကြွင်းအကျန် ထိခိုက်ဒဏ်ရာရသူ သိသိသာသာတိုးလာနေပြီး မြို့နယ်ပေါင်းတစ်ဝက်ကျော်တွင် မြေမြုပ်မိုင်းအန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း မြေမြုပ်မိုင်း စောင့်ကြည့်လေ့လာအဖွဲ့ Landmine & Cluster Munition Monitor မှ ပြောဆိုထားသည်။

SHANBumrese

Shannews

သျှမ်းသံတော်ဆင့်

NUG #SSPP #ဖက်ဒရယ်အခြေခံဥပဒေ

Leave a Comments

- Advertisement -spot_img

Latest article