Thursday, January 29, 2026

စစ်ကောင်စီမှ ခရီးသည်ယာဥ် ကုန်စည်တင်ဆောင်ရန် ကန့်သတ်

သျှမ်းပြည်တော်ကြီးမြို့နယ်တွင် ခရီသည်တင်ယာဉ်များ ကုန်စည်တင်ဆောင်ခြင်းနှင့်ပတ်သတ်၍ ကုန်ပစ္စည်းများကို အဆမတန် တင်ဆောင်ခြင်းမပြု ကန့်သတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ခရီသည်တင်ယာဉ်များ ကုန်စည် တင်ဆောင်ခြင်းမှုများ ကုန်ပစ္စည်းများကို အဆမတန်တင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းပူပေါင်းအဖွဲ့များက ပြစ်မှုအလိုက်ဒဏ်များနှင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ကားသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က အပေါ်မှာနည်းနည်းပဲပေးတင်တာ ၁ ပေလောက်‌ပေါ့။၁ပေးလောက်တင်လဲ အခန့်မသင့်ရင် လဲပေးရတာပဲ။သူများကားတောင် မီးသွေး ၃ အိတ်လောက်တင်တာကိုပေးရတယ်‌လေ။အကိုလဲ ၃သောင်းပေး ခဲ့ရသေးတယ်။အဲ့တောင်ကြီး ၄ မိုင်ဂိတ်မှာ စစ်တာလေ။အရင်လိုမတင်ရရင် ဘယ်ကိုက်မလဲ။အရင်းက အသွားအပြန် ၁သိန်း ၈သောင်း။လမ်းကျေးတွေပါရင် ၂ သိန်းကျော်တယ်လေ ဘယ်ကိုက်မလဲ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမား တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်ထွက်လာပြီးနောက် ပြစ်မှုအလိုက်ပြစ်ဒဏ်များ ပထမအကြိမ် ဒဏ်ငွေ ကျပ် ၃ သောင်း၊ဒုတိယအကြိမ် ဒဏ်ငွေ ကျပ်၅ သောင်း၊တတိယအကြိမ်ကျူ;လွန်လျှင် သက်ဆိုင်ရာသို့ တင်ပြကာ ယာဉ်အသင်း၏ ခရီးစဉ်ပြေးဆွဲခွင့်အား သတ်မှတ်သည့် ကာလအတိုင်း ရပ်နားခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ပြည်တွင်းတွင် တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် ပြည်သူများ မလုံခြုံမှုကို ပိုခံစားလာကြရပါသည်။ တစ်ဖက်တွင်လည်း ကုန်စျေးနှုန်းနှင့် စက်သုံးဆီများ စျေးတက်နေသလို ပြည်သူများလည်း အလုပ်အကိုင် ခက်ခဲပြီး စား၀တ်နေရေး ကျပ်တည်းမှုများ တွေ့ကြုံနေရသည်။

ထိုပြင် (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ကျေးသီးမြို့နယ်အတွင်း ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...