စစ်ကောင်စီမှ ခရီးသည်ယာဥ် ကုန်စည်တင်ဆောင်ရန် ကန့်သတ်

သျှမ်းပြည်တော်ကြီးမြို့နယ်တွင် ခရီသည်တင်ယာဉ်များ ကုန်စည်တင်ဆောင်ခြင်းနှင့်ပတ်သတ်၍ ကုန်ပစ္စည်းများကို အဆမတန် တင်ဆောင်ခြင်းမပြု ကန့်သတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ခရီသည်တင်ယာဉ်များ ကုန်စည် တင်ဆောင်ခြင်းမှုများ ကုန်ပစ္စည်းများကို အဆမတန်တင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းပူပေါင်းအဖွဲ့များက ပြစ်မှုအလိုက်ဒဏ်များနှင့် စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ကားသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က အပေါ်မှာနည်းနည်းပဲပေးတင်တာ ၁ ပေလောက်‌ပေါ့။၁ပေးလောက်တင်လဲ အခန့်မသင့်ရင် လဲပေးရတာပဲ။သူများကားတောင် မီးသွေး ၃ အိတ်လောက်တင်တာကိုပေးရတယ်‌လေ။အကိုလဲ ၃သောင်းပေး ခဲ့ရသေးတယ်။အဲ့တောင်ကြီး ၄ မိုင်ဂိတ်မှာ စစ်တာလေ။အရင်လိုမတင်ရရင် ဘယ်ကိုက်မလဲ။အရင်းက အသွားအပြန် ၁သိန်း ၈သောင်း။လမ်းကျေးတွေပါရင် ၂ သိန်းကျော်တယ်လေ ဘယ်ကိုက်မလဲ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမား တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်ထွက်လာပြီးနောက် ပြစ်မှုအလိုက်ပြစ်ဒဏ်များ ပထမအကြိမ် ဒဏ်ငွေ ကျပ် ၃ သောင်း၊ဒုတိယအကြိမ် ဒဏ်ငွေ ကျပ်၅ သောင်း၊တတိယအကြိမ်ကျူ;လွန်လျှင် သက်ဆိုင်ရာသို့ တင်ပြကာ ယာဉ်အသင်း၏ ခရီးစဉ်ပြေးဆွဲခွင့်အား သတ်မှတ်သည့် ကာလအတိုင်း ရပ်နားခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ပြည်တွင်းတွင် တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် ပြည်သူများ မလုံခြုံမှုကို ပိုခံစားလာကြရပါသည်။ တစ်ဖက်တွင်လည်း ကုန်စျေးနှုန်းနှင့် စက်သုံးဆီများ စျေးတက်နေသလို ပြည်သူများလည်း အလုပ်အကိုင် ခက်ခဲပြီး စား၀တ်နေရေး ကျပ်တည်းမှုများ တွေ့ကြုံနေရသည်။

ထိုပြင် (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ကျေးသီးမြို့နယ်အတွင်း ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...