တောထဲရောက် ဆီဆိုင်စစ်ရှောင်များ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တောင်တောင်ထဲထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာ ကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသောကြောင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်ပြီး ရိက္ခာသယ်ယူ၍ မရကာ ယခုရက်ပိုင်းအတွင်း အစားအသောက် ပြတ်လပ်မှုနှင့်ကြုံတွေ့နေရကြောင်း ဆိုသည်။

“ဆီဆိုင်မြို့နယ် တောထဲတောင်ထဲ၊ လယ်ယာထဲနဲ့ ချောင်းဘေးနားရှိတဲ့လူတွေပေါ့ဗျာ။ အခုတလောစားနပ်ရိက္ခာ ပြတ်နေတယ်။ ဆန်ပြုတ်စားရတဲ့သူစား၊ ထမင်းခြောက်ကို ပြန်ပြီးစားရတဲ့သူကလည်း စားနေစားကြတာပဲ။ ဖြစ်ချင်လည်း ဆန်ပြုတ်နဲ့အသီးရောပြီး စားနေရတဲ့သူတွေလည်း စားကြတာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ တောတောင်ထဲထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁ သောင်းခန့်ရှိပြီး ၎င်းတို့ထွက်ပြေး တိမ်းရှောင်လာစဉ်က အဝတ်တစ်ထည်နှင့်ကိုယ်တစ်ခုသာ ထွက်ပြေးလာရသည့်အတွက် စားနပ်ရိက္ခာအပြင် မိုးကာ၊ ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် ဆေးရုံ၊ ဆေးခန်းများအား ပိတ်ထားရသောကြောင့် လက်ရှိတွင် ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ဝင် တစ်ဦးက ပြောသည်။

“အခုကျနော်တို့နယ်မှာ တကယ်လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောင်မှုတွေ အရေးပေါ်လိုအပ်နေတယ်။ ကိုယ်ဝန်ဆောင်၊ ကလေး၊ သက်ကြီးရွယ်အို အတွက်လိုအပ်နေတယ်။ ဆေးရုံဆေးခန်းတွေ ဘာတစ်ခုမှမရှိ တော့ဘူး။ မဖွင့်ကြတော့ဘူး။ တစ်ခုခုဆိုတောင်ကြီးပို့နေရတာ အချိန်မှီမပို့ဆောင်နိုင်ရင် သေဆုံးမှုရာခိုင်နှုန်း များတယ်။ အခုကတိုက်ပွဲထဲမှာ သွားကူညီရတော့ လူမှုကူညီရေးတွေဘာတွေမမြင်တော့ဘူး မဲမဲမြင်နဲ့ ပစ်တာပဲ” ဟု လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄ သောင်းကျော် ထွက်ပြေးနေရပြီး တောင်ကြီး၊ ကျောက်တလုံး၊ ဟိုပုံး စသည့် မြို့နှင့် ကျေးရွာများဘက်သို့ တိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...