ကက္ကူဒေသ သို့ရောက်ရှိနေသော စစ်ရှောင်များ နေရာထပ်မံ ရွှေ့ပြောင်းခံရ

သျှမ်းပြည် ဆီဆိုင်တိုက်ပွဲကြောင့် ကျောက်တစ်လုံးကြီးမြို့နယ် ကက္ကူဒေသ သို့ရောက်ရှိလာသော နေရပ်စွန့်ခွာ စစ်ရှောင်လာသူ (၃၀၀၀)ကျော်ရှိသဖြင့် နေရာခွဲပြီး ပြောင်းရွှေ့ခိုင်းကြောင်း စုံစမ်းသိရသည်။

ထိုစစ်ရှောင် လူဦးရေများပြားသဖြင့် ရောဂါများ ကူးစက်ပျံ့နှံမူမြန်စေခြင်း၊ မြေကြီးပေါ်မှာ အိပ်ရခြင်းနှင့် အမိုးကာတွေ မလုံလောက်တာကြောင့် ၄င်းစစ်ရှောင်များကို အနီးနားရှိကျေးရွာများက အလှည့်ကျ ခွဲတမ်းနှင့် လက်ခံပေးမည်ဖြစ်ပြီး ပိုမိုလုံခြုံမှုရှိစေရန် ပြောင်းရွှေ့ရခြင်းဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့ပေးရခြင်းမှာ စစ်ရှောင်ပြည်သူများ၏ ကျန်းမာရေးကို ရှေ့ရှု့ကာ ပြောင်းပေးခြင်းဖြစ်ပြီး ရေရှည်ကာလမှာ အဆင်ပြေစေရန်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီလိုသာဆက်နေရင် ရောဂါတွေလဲ ကူးစက်မယ်။ ကျန်းမာရေးတွေ ချို့ယွင်းလာနိုင်တယ်။ရေတိုကာလအတွက်ပဲ အဆင်ပြေတယ်။ ရေရှည်ဆိုသူတို့က ပိုပြီး ကျန်းမာရေးထိခိုက်နိုင်လို့ ပြောင်းပေးလိုက်တာ” ဟု ပြောင်းရွှေ့ပေးသူ တစ်ဦးက ပြောပါသည်။

ခွဲတမ်းအလှည့်ကျ လက်ခံပေးမည့် ကျေးရွာများမှာ ပင်တွန် ၊နောင်ခဲ ၊ဆောင်းဖိုး၊ကက်ကူ ၊နားဟီး၊ အသုံးတော် နှင့်နောင်ကား ကျေးရွာတို့ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

” သူတို့ကိုတော့ အခု ၁၃ ရက်မှာစပြီး သွားနေလို့ရပြီ။ သူတို့ကိုလုံခြုံအောင်ထားပေးတာပေါ့လေ။ သူတို့ကို မနှင်ထုတ်ဘူး။ ပြီးတော့ သူတို့ကို စားသောက်ဖို့နဲ့ နေရာထိုင်ခင်းတွေကိုလဲ စနစ်တကျစီစဥ်ပေးထားတယ်။” ဟုတာဝန်ခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စီစဥ်ဆောင်ရွက်ပေးသူတွေမှာ ဒေသခံမိဘပြည်သူတွေနှင့် ကျေးရွာခေါင်းဆောင်များ သံဃာတော်များဖြစ်ပြီး ထိုသို့ ပြောင်းရွှေ့ပေးပြီး ကက္ကူကျေးရွာတွင် စစ်ရှောင် (၉၀၀) ကျော်ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...