Thursday, January 29, 2026

ရှေ့တန်းမသွားသည့် ဆေးဖြတ်ရန်လာသူ ၁၂ ဦးကို စစ်ကောင်စီက ​ပစ်သတ်ပြီး ရွာသားများကို မြုပ်နှံခိုင်း

ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သည့် ဆေးဖြတ်ရန်လာသူ (၁၂) ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး ရွာသားများကို ​မြုပ်နှံခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းသိရသည်။

ဆီဆိုင်မြို့နယ်

သျှမ်းတောင်၊ ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထမ်းရန် ခိုင်းစေရာတွင် ငြင်းဆန်ခဲ့မှုကြောင့် လူငယ် ၁၂ ဦးကို ဖေဖော်ဝါရီလ ၄ ရက်တွင် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

” သူတို့က ပိုက်ဆံပေးပြီး မြုပ်ခိုင်းတာ။ ဒေသခံတွေကိုတော့ တစ်ယောက် နှစ်သိန်းခွဲ ပေးတယ်။ ကျေးရွာတွေရဲ့ သုဿန်မှာပဲ မြုပ်ခိုင်းခဲ့တာ။အဲဒါက မွေတော်ကက္ကူ နားက ရွာတွေမှာပေါ့”ဟု ဒေသခံ ပြည်သူတစ်ဦးကပြောသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်များ

ထိုသို့ ပစ်သတ်ခဲ့သည်မှာ တခြားသူများ မငြင်းဆန်နိုင်အောင် ခြောက်လှန့်တာဖြစ်ပြီး အခြားပြည်သူများကိုလည်း အတင်းအဓမ္မ စေခိုင်းခြင်းများ ပြုလုပ်လာနိုင်ကြောင်း ပြည်သူတစ်ဦးက အခုလိုပြောပါသည်။

” တခြားသူတွေ မငြင်းရဲအောင် သတ်ပြတာ။ ဘယ်လိုဖြစ်ဖြစ် တခြားသူတွေကိုတော့ အတင်းကျပ် ရှေ့တန်းပို့အုံးမှာပဲ။သူတို့က ဘယ်သူမှမချန်ဘူး ယုတ်မာကြမာ”လို့ ဒေသခံ ပြည်သူတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ဆီဆိုင်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံ ပြည်သူအများပြား စစ်ဘေးရှောင်နေရကြောင်းစုံစမ်းသိရှိရပါသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...