စစ်ကောင်စီ
မိုးကုတ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အပစ်ရပ်စာချုပ်ချိုးဖောက်မှု တုံ့ပြန်သွားမည်ဟု TNLA ပြော
သျှမ်း-မန္တလေး နယ်စပ် မိုးကုတ်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ရာ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မေလ (၄) ရက် ည ၈ နာရီဝန်းကျင်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၄၈ နှင့် ခလရ-၇၁ တို့က...
ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့်
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့် နေသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “တရားမဝင်ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာ...
ဆိုက်ခေါင်ကျေးရွာရောက် စစ်ရှောင် ၃ထောင်ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာ၊တောင်ကျောင်းကြီးဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ တောင်ကျောင်းကြီးတွင် ရှိရင်း စစ်ရှောင် တစ်ထောင်နီးပါးရှိပြီး ယခု မေလ၇ရက် တွင် ထပ်မံပြီး ၂ထောင်ကျော် အသစ်ထပ်မံရောက်လာသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ "ဘုန်းကြီးကျောင်းမှာနေတယ်။အလှူရှင်လည်း တစ်နေ့ရှိ တစ်နေ့မရှိပါဘဲ။ခုလည်း ရုတ်တရက် များလာတော့ စားနပ်ရက္ခာ...
ပင်လောင်း- တောင်ကြီးလမ်း စစ်ကောင်စီ စစ်ဆေးတင်းကြပ်၊ ငွေတောင်းနေ
သျှမ်းပြည် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ သွားသည့် လိုင်းကားများကို စစ်ကောင်စီက ဂိတ်များတွင် ငွေကြေး အတင်းကြပ်တောင်း နေပြီးသဖြင့် ကားသမားများ အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် “၁၁၁၁” စစ်ဆင်ရေး စသည့် နောက်ပိုင် ပင်လောင်းမှ တောင်ကြီးသို့ သွားသည့် လမ်းတကြောတွင် စစ်ကောင်စီနှင့် ရဲသားများအပါအဝင် ဂိတ်များတွင်...
ဆီဆိုင်မြို့နယ် ရေဖြူရွာ ဒေသခံ ၉ ဦးကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉ ဦးကိုစစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။ မေလ ၆ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်လာစဉ် ထွက်ပြေးရန် ပြင်ဆင်နေသည့် ဒေသခံ ၉ ဦးကိုတွေ့ပြီး ဖမ်းဆီးလိုက်ကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦး...
ပင်လောင်မြို့နယ် စစ်ရှောင် လင်မယားနှစ်ဦး ရိက္ခာပြန်ယူစဉ် မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရ
SHAN -
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လုံးပျဉ်ရွာ စစ်ရှောင် လင်မယားနှစ်ဦးသည် မေလ၅ရက်တွင် ရွာသို့ ဆိုင်ကယ်ဖြင့် ရိက္ခာပြန်ယူစဉ် ရွာမရောက်ခင် ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်က မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မိုင်းနင်းမိသည့် စစ်ရှောင်လင်မယားသည် အသက်၄၆နှစ်အရွယ်ရှိ ဦးဘုန်းနှင့် အသက်၄၁အရွယ်ရှိ ဒေါ်နန်းခင်ထွေးတို့ ဖြစ်ပြီး ဆောင်းပြောင်းဆေးရုံတွင် ဆေးကုသနေသော်လည်း ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် တောင်ကြီးမြို့ရှိဆေးရုံသို့...
သိန္နီမြို့ ခရစ်ယာန်ဘုရားကျောင်းဝန်း သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦးမိုင်းနင်းမိ၊ ၁ ဦးသေဆုံး
သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာအုပ်စု ဟိုတာရွာရှိ ဆောက်လုပ်လက်စ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သန့်ရှင်းရေးဝင်လုပ်သည့် အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိပြီး၊ ၁ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး မိုင်းနင်းမိသူ အမျိုသား ၂...
မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့...
နောင်ချိုမြို့နယ် နေ့စဉ်တိုက်ပွဲပြင်းထန် ပြည်သူများစိုးရိမ်
နောင်ချိုမြို့နယ်အတွင်းတွင် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီ စစ်ကောင်စီမှ လက်နက်ကြီး လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်များတွင် ဧပြီလ ၂၁ ရက်မှစ၍ နေစဉ်နီးပါး စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လက်နက်ကြီးများ၊ လေကြောင်းဖြင့်...
ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ...





