ရွာငံမှ ကျေးရွာဥက္ကဌ အပါအဝင် အမျိူးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်မှ ဖမ်းဆီးသွား

သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာ ဥက္ကဌ ဦးမောင်ထွဋ်နှင့်အတူ အသက် ၄၀ကျော် အမျိူးသား ၂ဦး နှင့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည့် ဒေါ်မိုးဝါတို့ကို ယမန်နေ့ (မေ ၁၆)ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဖြစ်စဥ်ကိုသိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရွာလူကြီးကိုလည်း ဖုန်းဆက်မရဘူး၊ ပြန်ဖမ်းသွားတယ်၊ မမိုးဝါကိုရော ဖမ်းသွားတယ်၊ တခြားလူတွေကိုလည်းခုထိ ဆက်သွယ် မရသေးဘူး။ ဘာကြောင့်ခေါ်သွားတာလဲ မသိဘူး၊ ခုထိ ဘာသတင်းမှ မရသေးဘူး၊”ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အလားတူ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာနေထိုင်သည့် အသက် ၄၀ကျော်အရွယ်ရှိ အမျိူးသားနှစ်ဦးကိုလည်း ယမန်နေ့ (မေ ၁၆ရက် ) ညနေပိုင်းတွင် ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ် ဒေသခံများကပြောသည်။

“ စစ်တပ်က မနေ့က ညနေပိုင်းမှာ ကိုခင်မောင်ဌေးနဲ့ ကိုအောင်အောင်ကို လာဖမ်းသွားတယ်။ သူတို့ အိမ်ထိတက် ဖမ်းတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတာတော့မသိဘူး”ဟု ဖြစ်စဥ်ကိုသိရှိသည့်အမျိုးသမီးက ဆိုပြန်သည်။

ထို့အပြင် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ဒေါ်မိုးဝါသည် ၎င်း၏ အမျိုးသားကိုလည်း လွန်ခဲ့သည် ၂၀၂၃ခုနစ် ဇွန်လ ၁၃ရက်တွင်ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၂၂ချမှတ်ခံရကာ နေအိမ်ပါချိတ်ပိတ်ခံခဲ့ရသည်။

ထို့နောက် ဒေါ်မိုးဝါသည် သိမ်းကုန်ကျေးရွာ ဥက္ကဌ ၏ နေအိမ်တွင် နေပြီး လက်ဖက်ရောင်းဝယ်လုပ်ကိုင်နေသူဖြစ်သည်။

“ မနှစ်ကလည်း သူ့ (ဒေါ်မိုးဝါ) ယောကျာ်းက ဖမ်းသွားတော့ သူ့အိမ်လည်း ချိတ်ပိတ်ခံရတယ်လေ။ သူကနေစရာ မရှိတော့ သိမ်ကုန်းကျေးရွာလူကြီးအိမ်မှာ နေနေတာ။ အခု သူ့ကို ဘာလို့ ဖမ်းသွားလဲ မသိဘူး” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ထို့အပြင် ယမန်နှစ် ဇွန်လ ၁၃ရက်တွင် ဒေါ်မိုးဝါ၏ အမျိုးသား နှင့် အတူ ယမန်နေ့က ဖမ်းဆီးခံရသည့် သိမ်ကုန်းကျေးရွာ ဥက္ကဌကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ဇွန် ၁၈ရက်တွင် ဥက္ကဌကို ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိမှာ သိမ်ကုန်းကျေးရွာ ဥက္ကဌကို မည်သည့်အကြောင်းပြချက်ဖြင့် ပြန်ဖမ်းသည်ကို မသိရှိသေးပေ။

အလုပ်သင်သတင်းထောက်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...