Tuesday, January 27, 2026

ရွာငံမှ ကျေးရွာဥက္ကဌ အပါအဝင် အမျိူးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်မှ ဖမ်းဆီးသွား

သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာ ဥက္ကဌ ဦးမောင်ထွဋ်နှင့်အတူ အသက် ၄၀ကျော် အမျိူးသား ၂ဦး နှင့် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးဖြစ်သည့် ဒေါ်မိုးဝါတို့ကို ယမန်နေ့ (မေ ၁၆)ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း ဖြစ်စဥ်ကိုသိရှိသည့် ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရွာလူကြီးကိုလည်း ဖုန်းဆက်မရဘူး၊ ပြန်ဖမ်းသွားတယ်၊ မမိုးဝါကိုရော ဖမ်းသွားတယ်၊ တခြားလူတွေကိုလည်းခုထိ ဆက်သွယ် မရသေးဘူး။ ဘာကြောင့်ခေါ်သွားတာလဲ မသိဘူး၊ ခုထိ ဘာသတင်းမှ မရသေးဘူး၊”ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အလားတူ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာနေထိုင်သည့် အသက် ၄၀ကျော်အရွယ်ရှိ အမျိူးသားနှစ်ဦးကိုလည်း ယမန်နေ့ (မေ ၁၆ရက် ) ညနေပိုင်းတွင် ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ရွာငံမြို့နယ် ဒေသခံများကပြောသည်။

“ စစ်တပ်က မနေ့က ညနေပိုင်းမှာ ကိုခင်မောင်ဌေးနဲ့ ကိုအောင်အောင်ကို လာဖမ်းသွားတယ်။ သူတို့ အိမ်ထိတက် ဖမ်းတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတာတော့မသိဘူး”ဟု ဖြစ်စဥ်ကိုသိရှိသည့်အမျိုးသမီးက ဆိုပြန်သည်။

ထို့အပြင် ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ဒေါ်မိုးဝါသည် ၎င်း၏ အမျိုးသားကိုလည်း လွန်ခဲ့သည် ၂၀၂၃ခုနစ် ဇွန်လ ၁၃ရက်တွင်ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၂၂ချမှတ်ခံရကာ နေအိမ်ပါချိတ်ပိတ်ခံခဲ့ရသည်။

ထို့နောက် ဒေါ်မိုးဝါသည် သိမ်းကုန်ကျေးရွာ ဥက္ကဌ ၏ နေအိမ်တွင် နေပြီး လက်ဖက်ရောင်းဝယ်လုပ်ကိုင်နေသူဖြစ်သည်။

“ မနှစ်ကလည်း သူ့ (ဒေါ်မိုးဝါ) ယောကျာ်းက ဖမ်းသွားတော့ သူ့အိမ်လည်း ချိတ်ပိတ်ခံရတယ်လေ။ သူကနေစရာ မရှိတော့ သိမ်ကုန်းကျေးရွာလူကြီးအိမ်မှာ နေနေတာ။ အခု သူ့ကို ဘာလို့ ဖမ်းသွားလဲ မသိဘူး” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ထို့အပြင် ယမန်နှစ် ဇွန်လ ၁၃ရက်တွင် ဒေါ်မိုးဝါ၏ အမျိုးသား နှင့် အတူ ယမန်နေ့က ဖမ်းဆီးခံရသည့် သိမ်ကုန်းကျေးရွာ ဥက္ကဌကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ဇွန် ၁၈ရက်တွင် ဥက္ကဌကို ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိမှာ သိမ်ကုန်းကျေးရွာ ဥက္ကဌကို မည်သည့်အကြောင်းပြချက်ဖြင့် ပြန်ဖမ်းသည်ကို မသိရှိသေးပေ။

အလုပ်သင်သတင်းထောက်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...