နောင်ချို တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၆ ရက်) ည ၉ နာရီကျော်ခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း တောင်တလုံးနှင့် ရေတားကုန်းကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပါဟက်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွား၍ ကလေးငယ်တစ်ဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အခုရွာကနေ ထပ်တစ်ခါ ထွက်ပြေးနေရပြီ၊ အခြေအနေကတော့ ပိုဆိုးလာတယ်။ မနေ့ညကလည်း ပါဟက်ရွာထဲက လူနေအိမ်ပေါ် လက်နက်ကြီးလာကျတာ အမျိုးသမီး ၃ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်ဆိုရင် လုံးဝကြည့်လို့ မကောင်းတော့ဘူး၊ တစ်စစီ ဖြစ်သွားတယ်”ဟု သေဆုံးသွားသူနှင့် နီးစပ်သည့် နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် ပါဟက်ကျေးရွာအတွင်း ညအချိန် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် မထွေးရီ (၄၂ နှစ်)၊ မဝင်းသန္တာ (၃၆ နှစ်) နှင့် မမိုခမ်းဦး (၁၆ နှစ်) တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယနေ့ (မေလ ၁၇ ရက်) တွင် ရွာသားများမှ စုပေါင်းသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၁ နှစ်ခွဲအရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးလည်း ဦးခေါင်းထိမှန် ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အခြား(၄)ဦးတို့ကို မန္တလေး-PDF တပ်ဖွဲ့က ဆေးဝါးကုသပေးနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အိမ်ရှင်ကတော့ နေ့စားခ သွားရှင်းနေတာနဲ့ လွတ်သွားတယ်။ အဲ့အိမ်မှာ စစ်ဘေးရှောင်နေတဲ့ လူတွေကတော့ အကုန်မှန်သွားတာပေါ့။ ရွာသားတွေက ဒီမနက် သင်္ဂြိုဟ်ပေးပြီးတော့ အကုန်လုံး စစ်ဘေးရှောင်နေကြပြီ။ ဒဏ်ရာရတဲ့လူတွေလည်း ၅ ယောက်နဲ့ အိမ်ပျက်စီးတာ ၆ အိမ်ရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ပါဟက်ကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်သည် သုံးဆယ်နဲ့ သပြေတိုးရွာကြားရှိ ကြံခင်းနဲ့ လယ်ကွင်းထဲရှိ တဲများတွင် လာရောက်တိမ်းရှောင်နေကြရပြီး လက်ရှိသတင်း ရေးသားနေချိန်အထိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း နောင်ချိုစစ်ဘေးရှောင်များထံမှ သိရသည်။

“ဒီနေ့ထွက်ပြေးလာတာ တချို့ဆို ဆန်တစ်ပြည် အဲ့လိုပဲ ရလာကြတယ်၊ အကုန်လုံးက နေ့စားပဲလုပ်တော့ စားဝတ်နေရေး ခက်ခဲတယ်။ ကလေးတွေ အမျိုးသမီးတွေလည်း အပူဖုထွက်ပြီးတော့ အရေပြားယားနာ ဖြစ်ကြတာရှိတယ်၊ ဝမ်းလျှောကြတာလည်းဖြစ်တော့ သောက်ဆေးတောင်မှ မရှိကြဘူး”ဟု နောင်ချိုစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို လာရောက်ကူညီ သူများလည်း နည်းပါးလာပြီး အင်းဝိုင်း၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ကုန်းကြီး၊ ကုန်းသာနှင့် လွယ်တောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၁ ထောင်ကျော် ရောက်ရှိနေပြီး နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့ရှိ စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

အလားတူ နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်နှင့် ဘန့်ဘွေးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်၊ ဆမ္မဆယ်နှင့် ကြူအင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၀ ရက် ညပိုင်းကလည်း သုံးဆယ်ကျေးရွာမှ အမျိုးသမီးတစ်ဦး အပါအဝင် (၂)ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် သျှမ်း-မန္တလေးနယ်စပ်ရှိ သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် မန္တလေး-PDF တပ်ဖွဲ့နှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဓာတုအဆိပ်သင့်ဗုံးများကို လေကြောင်းမှတဆင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က မေလ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...