Wednesday, January 28, 2026

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ဂျက်လေယာဉ် KIA ပစ်ချဟု သတင်းထွက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ် ခလရ (၃၂၁) ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးကို ပစ်ချလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (မေလ ၁၈ ရက်)တွင် ပြောသည်။

ရွှေညောင်ပင်ကျေးရွာ၊ ခလရ (၃၂၁) တပ်စခန်းကို ယနေ့ မနက် ၄ နာရီခန့်က KIA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်နေရာ တိုက်ပွဲ ပြင်းထန်နေပြီး မနက် ၁၀ နာရီ ဝန်းကျင်တွင် ဗုံးလာကြဲသည့် စစ်ဂျက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“လေယာဉ် ပစ်ချတာက ရှေ့တန်းကကော၊ ဒေသခံတွေကော ပြောတယ်။ လေယာဥ် အမျိုးအစားနဲ့ ဖြစ်တဲ့ဟာ အသေးစိတ်တော့ မသိရသေးဘူး။ KIA က တရားဝင် ထုတ်ပြန်တာတော့ မရှိသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

ယခု ဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် သျှမ်းသံတော်ဆင့် အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိ ရွှေညောင်ပင် ခလရ (၃၂၁) စခန်းသိမ်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ရွှေညောင်ပင်၊ ကဇူး၊ ဂါးရာယန်၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ဒိန်ဂါ စသည့် နေရာများတွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

ယနေ့ မနက် ၁၁ နာရီနာရီတွင်မူ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကဇူးကျေးရွာရှိ စစ်ကောင်စီတပ် အထိုင် တပ်စခန်းကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ် အတွင်း စတင်ခဲ့သည့် KIA ၏ မတ်လ ၇ ရက်နေ့ ထိုးစစ်မှ ယနေ့အထိ စစ်ကောင်စီ တပ်စခန်း ၁၀၀ ဝန်းကျင်ကို သိမ်းပိုက်ထားပြီး မံစီနှင့် မိုးမောက်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...