ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး နာမည်အစားထိုး ရေးသားထား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ်တွင် မူရင်းရေးသားထားသည့် သျှမ်းစာနှင့် မြန်မာစာများ ဖျက်ဆီးခံလိုက်ရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားထားကြောင်း စုံစမ်းသိရသည်။

မေလ ၅ ရက် နံနက်(၉)နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအနီး လှုပ်ရှားနေသည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများမှ မိုင်းယုနှင့် ပန်လော့ကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေး ခေါ်ယူ၍ မိုင်းယုလမ်းခွဲရှိ ရွာဝင်ဆိုင်းဘုတ်ကို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိုင်းယုဒေသခံများက ပြောသည်။

“၅ ရက်နေ့က ဆိုင်းဘုတ်ဖျက်ဖို့ TNLA အစည်းအဝေး ခေါ်ပြောတာ။ အဲ့မှာ ရွာသူကြီးတွေက သဘောမတူတော့ နောက်ဆုံးကျတော့ မဖျက်ဘဲနဲ့ သျှမ်းစာတစ်ဘက်၊ ပလောင်စာတစ်ဘက် ရေးပေးမယ်လို့ ပြောတာ။ ဆေးသုတ်တာလဲ သူတို့ပဲ လုပ်မယ်လို့ ပြောတာပေါ့”ဟု အစည်းအဝေး တက်ရောက်သူခဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစဉ်က ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းကိစ္စကို သဘောမတူခဲ့သော်လည်း မေလ ၈ ရက်တွင် မိုင်းယုလမ်းခွဲဆိုင်းဘုတ်သို့ အလုပ်သမားများ ရောက်ရှိလာခဲ့ပြီး သျှမ်းစာနှင့် မြန်မာဘာသာဖြင့် ရေးသားထားသော အမည်များနှင့် သျှမ်းအလံ၊ သာသနာ့အလံများအား ဖျက်ဆီးခဲ့ကာ တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားလိုက်ကြောင်း မိုင်းယုဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ကွတ်ခိုင်မြို့နယ် မိုင်းယုလမ်းခွဲဆိုင်းဘုတ် ဖျက်စီးခံရပြီး တအာင်း(ပလောင်)စာဖြင့် အစားထိုး ရေးသားလိုက်ခြင်းနှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

“ဆိုင်းဘုတ်ကို ဒီလိုမျိုး လုပ်သွားမယ်လို့ ဘယ်ထင်မလဲပေါ့ဗျာ။ ရွာသားတွေရဲ့ သဘောမပါဘဲနဲ့ အခုလို အစားထိုးရေးခံလိုက်ရတာ။ ဒီဆိုင်းဘုတ် ဖြစ်လာဖို့ကလည်း ရွာသားတွေရဲ့ လူအား၊ ငွေအားနဲ့ လုပ်ခဲ့တာဆိုတော့ TNLA က အခုလိုလုပ်တာ လုံးဝမသင့်တော်ဘူး”ဟု ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မိုင်းယုကျေးရွာအုပ်စုသည် ကွတ်ခိုင်မြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပြီး ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကျေးရွာအကြားရှိ ပြည်ထောင်စုလမ်းမကြီးမှတဆင့် လမ်းခွဲဝင်ရောက်သွားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်အတွင်းကလည်း ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အုပ်ချုပ်ရေးယန္တယား ဖော်ဆောင်ရန်အတွက် နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ ညီနောင်မဟာမိတ် အချင်းချင်းကြား စစ်ရေးတင်းမာခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့်လည်း စစ်ရေးပဋိပက္ခ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအုပ်စုအတွင်း သျှမ်းတပ် SSPP/SSA ၊ ကချင်လွတ်လပ်ရေးတပ် KIA ၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သွားလာလှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...