Friday, February 6, 2026

စစ်ကောင်စီ

ငှက်ပျောခြံ အလုပ်သမားများကို KIA ပြန်လွှတ်ပေး

ကချင်ပြည်၊ ဝိုင်းမော်မြို့ ဒေသခံ ငှက်ပျောခြံ အလုပ်သမားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လွှတ်ပေးကြောင်း သတင်းရင်းမြစ်များက ယနေ့ (မေလ ၂၇ ရက်) တွင်ပြောသည်။ ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ဝိုင်းမော်မြို့နယ်၊ ဘီဒရာရွာ၌ ထိန်းသိမ်းထားသည့် အဆိုပါ အလုပ်သမားနှင့် စစ်တပ်မိသားစုဝင်များကို...

စစ်ကောင်စီလေကြောင်းနေ့စဉ်ပျံသန်း ပင်လောင်စစ်ရှောင်နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဥ်ပျံ့သန်းမှုကြောင့် စစ်ရှောင်များ နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေကြကြောင်း စုံစမ်းသိရသည်။ ထို့ကြောင့် စစ်ရှောင်များသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ မှတဆင့် တောင်ကြီးမြို့ပေါ်သို့ ထပ်မံပြောင်းရွှေ့ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီဘက်မှ ဆောင်းပြောင်း-တောင်ကြီးလမ်းကြောကို ပိတ်ထားသဖြင့် အခက်အခဲများဖြစ်နေကြောင်း ဆောင်းပြောင်းကျေးရွာမှ စစ်ရှောင်...

မိုင်းငေါ့ မြို့ဝင်ဆိုင်းဘုတ် မူရင်း သျှမ်းဘာသာနှင့် နောက်တစ်ဘက်တွင် တအာင်း(ပလောင်)စာ ထပ်ဖြည့်

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့တွင် သျှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဝင်ဆိုင်းဘုတ်တွင် မူရင်းအတိုင်း ဆက်ရှိနေပြီး နောက်တစ်ဘက်တွင် မြန်မာစာနှင့်အတူ တအာင်း(ပလောင်)စာကို ထပ်မံဖြည့်ထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့တွင် ယခင်က မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ထားသည့် မြို့ဝင်ဆိုင်းဘုတ်ကို မေလ တတိယပတ်အတွင်းက...

ဆီဆိုင်မြို့တွင် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦး အလောင်းပြန်တွေ့

သျှမ်းပြည် ဆီဆိုင်မြို့တွင် ပစ္စည်းပြန်သယ်ယူရန် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦးသည် လေးလကျော်ကြာမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူငယ်(၃)ဦး၏ အလောင်းကို ပြီးခဲ့သည့် မေလ ၂၁ ရက်တွင် ဆီဆိုင်မြို့ နယ်မြေ (၃)၊ ဟိုခဲရပ်ကွက် အနောက်ဘက်ခြမ်း၌ တွေ့ရှိခဲ့ပြီး အလောင်များကို...

ပင်လောင်းစစ်ရှောင်များ အမိုးအကာလိုအပ်နေ

ပင်လောင်းမြို့နယ်တွင် မိုးကြီးလေးပြင်းတိုက်ခက်ခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်းမှ အမိုးအကာများပျက်စီးသဖြင့် အကူအညီလိုအပ်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်းရှိသည့် နောင်တရား၊နောင်ခါ၊ ဆောင်းခါး၊ ပင်ခွန် စသည့်နေရာအချို့တွင် ပြီးခဲ့သည့် မေလ ၁၇ ရက်နှင့် ၁၉ ရက်က မိုးကြီးပြင်းတိုက်ခက်မှကြောင့် အမိုးအကာများပျက်စီးသွားသဖြင့် အမိုးအကာလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက...

ထောင်ချခံရသည့် ရပခ တိုင်းမှူးဟောင်း အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံရ

ထောင်ချခံထားရသည့် သျှမ်းပြည်၊ တောင်ကြီးမြို့ အအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၅ ရက်) တွင် ပြောသည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ

သျှမ်းပြည် ‌မြောင်းပိုင်း မူဆယ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုမိုင်းနင်းမိရာမှ ဆေးကုသရန် ငွေကြေးအခက်အခဲကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မန်မိုင်ရွာတွင် ပြ မူလ တန်းကျောင်အနီးတွင် ပြီးခဲ့သည့်  (မေ ၂၁ ရက်) ညနေ ၆ နာရီဝန်းကျင် အမျိုးသမီးတစ်ဦးသည် အပေါ့အပါးသွားရာမှ‌ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက် တဖက် ဖြတ် လိုက်ရကြောင်း လက်ဖက်ညွန့်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။ “ အဲ့အမျိုးသမီးက အပေါ့သွားရင်း မြေမြုပ်မိုင်းနင်းမိတာပါ။ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်ကလည်း မိုင်းစတွေနဲ့ ဒဏ်ရာပြင်းနေတယ်။” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။  အဆိုပါ မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် အသက် ၄၀ကျော် ရှိ မခိုင်ချိုဝင်းဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးမှ...

MNDAA က ဒေသတွင်း ရာဇဝတ်မှု အမျိုးအစား (၈)မျိုးအတွက် ပြစ်မှု ပြစ်ဒဏ်ထုတ်ပြန်လာ

သျှမ်းပြည် အထူးဒေသ(၁) ကိုးကန့်ဒေသ တရားစီရင်ရေးတွင် ကျင့်သုံးသွားမည့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ရာဇဝတ်မှု အမျိုးအစား...

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (KIO/KIA) ဌာနချုပ်လိုင်ဇာ ပြာကျသွားပြီဟု သတင်းအမှားဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ၏ဌာနာချုပ်ရှိရာ လိုင်ဇာမြို့သည် ပြာကျသွားပြီဟု ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် နေပြည်တော်အကောင့်မှ “ လိုင်ဇာပြာကျ ပြီပြောတယ်။ ဒီအချိန်ကတော့တစ်လမ်းဘဲရှိတော့တာ။ မပခနဲ့နယ်မြေအားလုံးသေဆုံး၊ ကျရှုံးတဲ့အထိ အဖြစ်ခံမလား၊ မြစ်ကြီးနား-ရွှေဘိုထိပြာကျခံမလား..”ဟု ရုပ်သံတစ်ခုဖြင့် ဖြန့်ချိထားသည်။ ထိုဝါဒဖြန့်ချိပိုစ့်ကို ကြည့်ရှူ့သူပေါင်း ၉ ထောင်ကျော်ရှိသည်။...

နေ့စားအလုပ်ရှားပါးလာမှုကြောင့် ပင်လောင်းစစ်ရှောင်များ ရိက္ခာပြတ်လပ်မှုကြုံရနိုင်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်မရှိသကဲ့သို့ နေ့စားအလုပ်လည်း ရှားပါးလာသည့်အတွဥ် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်များထံ စုံစမ်းသိရသည်။  သျှမ်းပြည် တောင်ပိုင်း ပင်လောင်းသို့ ရောက်လာသည့်  ကရင်နီပြည်မှ စစ်ရှောင်များသည် အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို နေ့စားဖြစ်သော ပြောင်းချိုး ၊ပန်းရံအလုပ်ဖြင့် ရုန်းကန်နေရပြီး၊ လက်ရှိမှာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် မကြာခင် ရိက္ခာပြတ်လပ်မှုဖြစ်လာနိုင်ကြောင်း ပင်လောင်း စစ်ရှောင်များထံမှသိရသည်။  “လာတုန်းကတော့ ဆန်တွေယူလာတယ် ၊ရောက်လာတာ၃လရှိပြီ အလုပ်ကပုံမှန်မရှိတော့ အဆင်မပြေဘူး။ တစ်ခါတစ်လေ ဘုန်းကြီးကျောင်းကပိုလျှံတာတွေ ဘုန်းကြီးက စွန့်ပေးတယ်”ဟု စစ်ရှောင်အမျိုးသားတစ်ဦး က ဆိုသည်။ စစ်ရှောင်အများအပြားသည် ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး တစ်ချို့သော ငွေကြေးတတ်နိုင်သူများသည်ရွာထဲမှ မြေကွက်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဖြင့် နေထိုင်နေကြောင်း သိရသည်။  ပင်လောင်းဒေသခံအမျိုးသားတစ်ဦးကလည်း “ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်လို့ ထွက်ပြေးရတယ် ညညဆို ဂျက်ဖိုက်တာတွေ ဘာတွေနဲ့ ပစ်လို့ ရွာမှာမနေရဲကြလို့ ထွက်ပြေးလာတာ ဒီမှာလည်း စိုက်ပျိုးစားသောက်လို့လည်း မရတော့ နောက်ဆို အငတ်ပြဿနာတွေနဲ့ ကြုံတွေ့နိုင်တယ်”ဟုဆိုသည်။ စစ်ပြေးရှောင်စခန်းများတွင် လက်ရှိစစ်ရှောင်ဦးရေ ခုနစ်ထောင်ကျော် (၇၀၀၀ကျော်) ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။ ထို့အပြင် နမ့်ဟူးကျောင်းတိုက် ၊ ထီဗွာရွာ ၊ ကုန်းတုန်ရွာ ၊ စာကရွာ တို့တွင် နေထိုင်သော စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၃)ရာကျော်ရှိကြောင်း သိရသည်။ ပင်လောင်းတောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများ၏နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများပျက်စီးနေကြောင်းသိရသည်။ အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။

Latest news