မြန်မာကျပ်ငွေ စျေး အရှိန်အဟုန်ကျဆင်း

ယခုရက်ပိုင်းတွင် တရုတ်ငွေ ယွမ်နှင့် ထိုင်း ဘတ်ငွေ တို့သည့် အရှိန်အဟုန်မြင့်တက်မှုကြောင့် ကုန်စျေးနှုန်းများလည်း မြင့်တက်လာကာ ပြည်သူများစိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြောင်း စုံစမ်းသိရသည်။

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (မေ ၃၀) နေ့လည်ပိုင်းတွင် တရုတ်ငွေ ယွမ်ပေါက်စျေးသည် တစ်ရာယွမ်လျှင် မြန်မာငွေကာလပေါက်စျေး ခြောက်သောင်းဝန်းကျင် (၆၀,၀၀၀) ထိမြင့်တက်သွားကြောင်း ငွေလွှဲဝန်ဆောင်မှုပြုလုပ်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်ယွမ်

‘’ဒီနေ့မနက်မှငွေဈေးရုတ်တရက်လာတော့အထိတ်တလန့်ဖြစ်စေခဲ့တယ် ၊ တရုတ်ဘက်ကို ကုန်မပို့လို့ ငွေကြေး
ကစားတဲ့သူတွေကြောင့်လို့ ပြောကြတာပဲ။ ငွေဈေးနှုန်းထက်တက်မလာ ကျမလာဆိုတာ စောင့်ကြည့်ရမယ်’’ဟု ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ တရုတ်ငွေစျေး ရုတ်တရက် ထိုးတက်မှုကြောင့် ကုန်စျေးနှုန်းများလည်း လိုက်လံတက်လာနိုင်ကြောင်း၊ တရုတ်ပြည်မှ သွင်းကုန်သာ အားထားရသည့် မြို့ဖြစ်သဖြင့် ကုန်းစျေးနှုန်းတက်ပါက ပြည်သူများ အရင်ကထက် စားဝတ်နေရေး ပိုကြပ်တည်းလာနိုင်မည်ဟု မူဆယ်ဒေသခံ အိမ်ရှင်မ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ စစ်အာဏာသိမ်းပြီးကတည်း တရိပ်ရိပ်တက်တဲ့ တရုတ်ငွေပါ။ အလုပ်အကိုင်ကလည်း မရှိ၊ဝင်ငွေကလည်း အရင်လိုမဟုတ်ဘူး၊ တရုတ်ငွေတက်ရင် ကုန်စျေးနှုန်း အိမ်တွင်း စားသုံးကုန်တွေပါတက်တော့ ကျမတိုအတွက် ပိုကြပ်တည်းမယ်။ ပိုဒုက္ခရောက်မယ်” ဟု ၎င်းအိမ်ရှင်မက ဆိုပြန်သည်။

ထို့အပြင် မေလ ၃၀ရက် ထိုင်းငွေ ဘတ် ရှစ်ရာ ( မြန်မာငွေကာလပေါက်စျေး ကျပ် တစ်သိန်းအထိ မြင့်တက်လာကြောင်းယခင်ရက်ပိုင်းတွင် ထိုင်းဘတ်တစ်ထောင်လျှင် မြန်မာကျပ်ငွေ တစ်သိန်း ရှိကြောင်းသိရသည်။

ထို့မြန်မာငွေစျေး ထိုးကျမှုကြောင့် ထိုင်းကုန်ပစ္စည်းများကို အားကိုးနေရသည့် မြန်မာလူထုလည်း ပူပင်သောကများ ဖြစ်နေကြသည်။

ထိုင်းဘတ်ငွေ

“ ကျမတို့ဆိုရင် မြန်မာငွေကျပ် မကိုင်ရဲဘူး။ လက်ထဲမှာ တန်ဖိုးကျသွားတယ်လေ။ နယ်စပ်မှာနေတော့ ဘတ်ပဲကိုင်ကြတာ။ လခစား ကျပ်ရတဲ့သူဆိုရင်တော့ ဒီချိန်တော်တော်ခံရတယ်” ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ခုနှစ်တွင် တရုတ်ငွေ ယွမ်းတစ်ရာကို မြန်မာငွေ နှစ်သောင်းဝန်းကျင်သာရှိခဲ့ပြီး အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ကျပ်ငွေခြောက်သောင်းကျော်အထိ မြင့်တက်ခဲ့တာ ဖြစ်သည်။

လက်ရှိမှာ ပြည်တွင်းရွှေဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ငွေလဲလည်နှုန်းတွင် အဆမတန်မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာသည်ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...