တာချီလိတ်မြို့ စိတ်ကြွဆေးပြားများ အဓိကဝင်ထွက်ပေါက်ဖြစ်နေ

သျှမ်းပြည်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြားများဆုံးထုတ်လုပ်နေပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလတ်မြို့သည် အဓိက ဝင်၊ထွက်ပေါက်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ့်နင်းရေးအဖွဲ့ (UNODC) က ပြောဆိုလိုက်သည်။

အရှေ့တောင် အာရှတွင် မူးယစ်ဆေးဝါးစျေးကွက်သည် စိုးရိမ်စရာကောင်းအောင် ကြီးထွားနေပြီး သျှမ်းပြည်သည် အဓိက စျေးကွက်ဖြန့်သည့်နေရာဖြစ်ကြောင်းလည်း UNODC ၏ ယမန်နေ့ (မေ ၂၈)ရက်ထုတ်ပြန်ချက်အရသိရသည်။

သျှမ်းပြည်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်ပြီး တာချီလိတ်မှ တဆင့် ထိုင်း၊ လာအို အပါအဝင် မဲခေါင်နိုင်ငံတွေကို ပို့နေကြောင်းသိရသည်၊

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ထို စိတ်ကြွဆေး ရောင်းဝယ်ဖောက်ကားကြသည့်နေရာတွင် ရေကြောင်းမှတစ်ဆင့် သယ်ယူမှု အများဆုံးတွေ့လာရပြီး အထူးသဖြင့် ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်တွေကိုဖြတ် အများဆုံးကုန်ကူးနေကြကြောင်း UNODC က အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝ၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြားတန်ချိန် ၁၉ဝ အထိ ဖမ်းဆီးရမိခဲ့ပြီး စံချိန်တင်ပမာဏ ဖြစ်ခဲ့ပြီး ထိုထဲတွင် ထိုင်းနှင့် မြန်မာတွင် သန်းပေါင်း ၉၀၀ကျော် ဖမ်းဆီးရမိသည်။

“ဖမ်းမိတဲ့အရေအတွက်များလာပေမဲ့ အဖမ်းခံရတဲ့ အမှုတွေကတော့ နည်းလာပါတယ်။ ရာဇဝတ်ဂိုဏ်သားတွဟာ အရင်ကလို တစ်ကြိမ်မှာ နည်းနည်းစီသယ်တာ မဟုတ်တော့ဘဲ တစ်ခါသယ်ရင် ပမာဏအများကြီးသယ်တဲ့ ဗျူဟာပြောင်းလာကြတာ ဖြစ်နိုင်တယ်” ဟု UNODC က ပြောထားသည်။

လက်ရှိ မူးယစ်ဆေးဝါး အဓိက ဝင်ထွက်ပေါက်ဖြစ်နေသည့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့သည် စစ်အာဏာသိမ်း ပြီးနောက် တော်လှန်ရေး စစ်ရေး လှုပ်ရှားမှုမရှိသည့် မြို့ဖြစ်သည့်အပြင် အွန်လိုင်းလောင်းကစားများ၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ ဒုစရိုက်သမားများ လှုပ်ရှားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...