ညောင်ရွှေမြို့တွင် အိမ်ခန်းငှားရမ်းခ တိုးမြင့်လာ စစ်ရှောင်များ အခက်အခဲကြုံတွေ့ရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့သို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ငှားရမ်းခများ တိုးမြင့်လာသဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ထိုညောင်ရွှေသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကရင်နီပြည်တွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသူများဖြစ်ကြသည်။

ညောင်ရွှေမြို့တွင် အိမ်ငှားခ ယခင်ကာလများတွင် တစ်လျှင် ကျပ်ငွေ ၂သိန်းခန့်သာ ပေးဆောင်ခဲ့ရာမှလက်ရှိမှာ အိမ်ငှားခ တစ်လလျှင် ကျပ်ငွေ သုံးသိန်းထိ မြင့်တက်သွားသဖြင့် စစ်ရှောင်များ အိမ်ငှားခ အခက်အခဲများကြုံတွေ့လာရကြောင်း အသက် ၄၇နှစ်အရွယ်ရှိ စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ရောက်စတုန်းကတော့ အိမ်ငှားခကို ပါလာတာတွေနဲ့ပေးလိုက်တော့ အဆင်ပြေသေးတယ်။ ညစျေးမှာ ဆိုင်လေးဖွင့်တယ်။ စစ်မှုထမ်းဥပဒေထွက်လာတော့ ဆိုင်မှာလုပ်ပေးတဲ့ ဝန်ထမ်းတွေကလည်း လူငယ်တွေဆိုတော့ တစ်ခုခုဆို တာဝန်ကြီးတဲ့ အတွက် သူတို့အုပ်ထိန်းသူဆီကို ပဲပြန်အပ်လိုက်တယ်။ ဆိုင်ကပိတ်လိုက်ရတာပေါ့” ဟု စစ်ရှောင်အမျိုးသမီး က ဆိုသည်။

ညောင်ရွှေမြို့ပေါ်သို့ ရောက်ရှိလာသည့် ငွေကြေးတက်နိုင်သော စစ်ရှောင်များသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ အိမ်ခန်းငှားပြီး၊ တပိုင်တနိုင် စျေးဆိုင်ဖွင့်ပြီး ဝင်ငွေရှာဖွေခဲ့ကြသည်။

သို့သော် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စျေးဆိုင်တွင် အလုပ်လုပ်သည့် စစ်ရှောင်လူငယ်ဝန်ထမ်းများ၊ စျေးဝယ်သည့် လူငယ်များ ထပ်မံရှောင်တိမ်းရသဖြင့် စျေးသည်များအရောင်းပါးကာ ဆိုင်ပြန်ပိတ်လိုက်ရကြောင်း စျေးရောင်းသည့် စစ်ရှောင်အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့ကြောင့် စစ်ရှောင်များသည် ညောင်ရွှေမြို့တွင် ၆လခန့်ကြား အိမ်ခန်းငှားနေထိုင်ခဲ့ပြီး အလုပ်အကိုင် ရှားပါးလာသဖြင့် စားဝတ်နေရေးသည် တဖြည်းဖြည်း ပိုကြပ်တည်းလာကြကာ အိမ်ခန်းငှား စစ်ရှောင်များနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြသော မိမိနေရပ်ကိုပြန်နေလိုကြောင်း သိရသည်။

“ ဘုန်းကြီးကျောင်းမှာ နေတဲ့ သူတွေထဲမှာ တချို့ကပြန်ကြတယ်။ ဒါပေမယ့် မှော်ဘီဂိတ်နားမှာက ပေးမဖြတ်တာကြောင့် ပြန်လာရပေမယ့် ဘုန်းကြီးကျောင်းတွေက ပြန်လက်မခံလို့ ဒုက္ခရောက်နေကြသူတွေလည်း ရှိတယ်။ အထွက်ပြပြီးရင် ပြန်ဝင်လို့မရဘူးလို့ကြားတယ်” ဟု ၎င်း အမျိုးသမီးက ဆက်ပြောသည်။

ကရင်နီပြည် အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များမှ စိုးမိုးထားသော နေရာများကျယ်ပြန့်လာသည့်အတွက် စစ်ရှောင်များသည် မိမိနေရပ်ပြန်နိုင်ရန် လည်း မျှော်လင့်နေကြောင်း စစ်ရှောင်များထံ သိရသည်။

သျှမ်းပြည်သို့ “၁၁.၁၁စစ်ဆင်ရေး” ကြောင့် ရောက်ရှိလာသည့် ကရင်နီစစ်ရှောင်ဦးရေ စုစုပေါင်း ၅သောင်းဝန်းကျင် ရှိကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...