မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မပါဘဲ စစ်ကောင်စီတပ်ထဲဝင်လာဟု စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းများတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိသဘောဆန္ဒအလျောက်ဝင်ရောက်လာကြသူများဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မေလ ၂၉) ရက်၊ ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သော သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ တပ်မတော်အတွင်းသို့ မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများဖြစ်သည်နှင့်အညီ မိမိကိုယ်ကို အားကိုးသည့်စိတ်ဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်လိုကြောင်း” ဟု ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်း ကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုင်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်အသက်သွင်းပြီးနောက် သင်္ကြန်ရုံးပိတ်ရက်များအပြီး စစ်မှုထမ်းရန်အတွက် လူသစ်စစုမည်ဟု ကြေညာထားသော်လည်း အပတ်စဉ် (၁) စစ်သင်တန်းကို အင်္ကြန်မတိုင်မီကတည်းက စတင်ခဲ့သည်။

ထိုစဉ်က စစ်မှုထမ်းဆင့်ခေါ်ခဲ့ရာ စစ်မှုထမ်းသူနာမည်နှင့် နေရပ်လိပ်စာအတိအကျကို ဆင့်ခေါ်စာပို့ပြီး ခေါ်ယူခြင်း၊ ရပ်ကွက်အသီးသီးတွင် မဲနှိုက်ခိုင်းပြီး မဲပေါက်သူများကို ခေါ်ယူခြင်း ပြလုပ်ခဲ့သည်။

အများစုမှာ စစ်မှုမထမ်းချင်ကြသောကြောင့် ပိုက်ဆံပေးပြီး လူအစားထိုးခဲ့ရာ၌လည်း ကျပ်သိန်း ၁၀၀ အထိပေါက်ဈေး ရှိခဲ့သည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်း အမှတ် (၂) အတွက် တပ်သားသစ်ထပ်မံ ကောက်ခံခဲ့ရာတွင် လူနေအိမ်ပေါ်ထိ ပေါ်တာဆွဲယူခဲ့သည်ဟု ပင်လောင်းမြို့ဒေသခံတစ်ဦးက မေလ ၁၅ ရက်က သျှမ်းသံတော်ဆင့်ကိုပြောသည်။
စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းတက်ရောက်ပြီးသူများကို တိုက်ပွဲဖြစ်ပွားရာဒေသ ဟိုပုံး၊ ပင်လောင်းနှင့် ညောင်ရွှေ ရှေ့တန်းသို့ ပို့ဆောင်မှုရှိခဲ့ကြောင်းနှင့် သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်တွင် မဲနယ်တောင်ဒေသအတွင်းနေထိုင်သူ အသက် ၃၁ နှစ်အရွယ် ခွန်အောင်ရွှေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းသို့ပို့ဆောင်ခဲ့ရာ ထမ်းယမ်းတိုက်ပွဲ၌ သေနတ်ထိမှန်ပြီး သေဆုံးသွားသည်။

ကျောက်တလုံးကြီးမြို့ နောင်လုံရပ်ကွက်နေ အသက် ၂၅ နှစ် ခွန်မောင်ပိုးသည်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO ခေါ်သည့် ပြည်သူ့စစ်မှုထမ်းတွင် အလှည့်ကျရှေ့တန်းတက်ရစဉ် ဧလပြီလဒုတိယအပတ် တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ လျော်ကြေးပေးအပ်ခြင်းမရှိခဲ့သကဲ့သို့ တိုက်ပွဲအတွင်း သေဆုံးသွားသည့် အချို့အလောင်းများကိုလည်း ပြန်မရကာ မိသားစုဝင်များက ရက်လည်ဆွမ်း ပြုလုပ်ပေးခဲ့ရသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြီး သုံးလေကျော်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားထဲမှ အထောက်အထားမရှိသူ ၃,၆၀၀ နီးပါး ဖမ်းဆီးခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...