တိုင်းရင်းသားလက်နက်ကိုင် ပဋိက္ခကြားက စစ်ကောင်စီဝါဒဖြန့်နှင့် Page အတု

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေများကြောင့် အချင်းချင်းကြားအငြင်းပွားနေစဉ် စစ်တပ်ဝါဒဖြန့်ချယ်နယ်များအပါအဝင် Page အတုများက ထိုလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိက္ခကြီးထွားလာစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်နေ လျက်ရှိသည်။

ယခုရက်ပိုင်းအတွင်း လှုမှုကွန်စာမျက်နှာပေါ်မှာ SSPP Info ပုံစံတူ Page အတုဖြင့် နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် TNLA က SSPP တပ်သားများကို ကားတင်ပြီးမူဆယ်ဘက်ပို့ဆောင်သည့် သတင်းကိုအခြေခံ၍ “ TNLA ကို ညှိနှိုင်း၍မရဘဲ လက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးပဋိက္ခဖြစ်ပေါ်လာပါက SSPP/SSA အနေဖြင့် လက်နက်ကိုင် တိုက်ပွဲဖော်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်..” ဆိုကာ လုပ်ကြံဖန်းတီးရေးသားပြီး ထုတ်ပြန်ချက်အတု ဖြန့်ချိနေသည်။

ထိုထုတ်ပြန်ချက်အတုကို ကြည့်ရှု့သူပေါင်း ၂၀၀ နီးပါးရှိသည်။ အချို့သျှမ်းသတင်းဌာနနှင့် Youtuber များကလည်း စစ်ဆေးမှုမရှိပဲ ထိုထုတ်ပြန်ချက်အတုကို ပြန်လည်ကူးယူ ဖော်ပြခြင်း၊ ကိုးကားဖော်ပြခြင်းများ ပြလုပ်နေသည်ကို တွေ့ရသည်။

မူရင်းလင့် – https://shorturl.at/0EHhr

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

SSPP Info ပုံစံတူ Page အတုက မေလ ၈ ရက်မှစ၍ ၎င်း Page ကိုစတင်ထူထောင်လာပြီး ၎င်းစာမျက်နှာပေါ်မှာ “ ဗမာဘာသာသတင်းထုတ်ပြန်ရေး” ဟုလည်း ကြေညာထားသည်။

ထို့အပြင် SSPP Info တရားဝင် Page မှ ရေးသားခဲ့သာ သတင်းများကိုလည်း Page အတုစတင်ထူထောင်လာချိန်က တောက်လျှောက်ပြန်လည်ကူးယူဖော်ပြခဲ့ပြီး လက်ရှိအချိန်ထိ ပိုစ့်စုစုပေါင်း ၇ ခုရှိဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ SSPP Info ပုံစံတူ Page အတုထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ တရားဝင်ဖြစ်သည့် SSPP Info ကလည်း အခုလိုပြန်လည်ဖြေရှင်းထားပါသည်။

ဒီလင့်ခ်ကိုနှိပ်ပါ – https://shorturl.at/sR9GB

SSPP Info ပုံစံတူ Page အတုမှ ဖော်ပြထားသော သတင်းမှန်သမျှကို အချို့သတင်းဌနမှ စစ်ဆေးမှုမရှိပဲ ပြန်လည်ကူးယူဖော်ပြခြင်း၊ ကိုးကားဖော်ပြခြင်းများ ပြုလုပ်နေသည့်အပေါ် SSPP/SSA နှင့် လုံးဝမသက်ဆိုင်ကြောင်းလည်း အသိပေးထားသည်။

ထိုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား ဖြစ်ပွားနေလျက်ရှိသည့် ပဋိက္ခများကို သက်ဆိုင်ရာတပ်ဖွဲ့များက ကောင်းကောင်းသာ မကိုင်တွယ်နိုင်ပါက ဒီထက်ပဋိက္ခကြီးထားလာနိုင်သကဲ့သို့ စစ်ကောင်စီလိုချင်သော “အိမ်ကြက်ချင်းအိုးမည်းသုတ်” ကစားကွက်ထဲရောက်သွားနိုင်သည်ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦး ပြောသည်။

“ စစ်ကောင်စီကတော့ အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီးတော့မှ တိုက်ခိုင်းတာက သူတို့ဓလေ့ပဲ။ အခုတကယ်တမ်း ဒီစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ကာလမှာ မဖြစ်သင့်တဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ချင်းကြား တိုက်ခိုက်မှုဖြစ်လာရင် စစ်ကောင်စီအတွက် တကယ့်မဟာထွက်ပေါက်ပဲ။ တကယ့်အခွင့်အရေးကို ရသွားနိုင်တယ်။ ဒီအချိန်မှာတော့ ဘုံရန်သူကဘယ်သူဆိုတာ သေချာစဉ်းစားသင့်ပြီ” ဟု ၎င်းကပြောသည်။

ထို့ကြောင့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အချင်းချင်းကြားပဋိက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားစေကာမှု စစ်ကောင်စီလိုချင်သော “အိမ်ကြက်ချင်းအိုးမည်သုတ်” ကစားကွက်ထဲ့သို့ မရောက်သွားစေရန် သတိချပ်ရန်လိုအပ်သည်။

အလားတူ ဇန်နဝါရီလက ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် အကြောင်းနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ၏ နာမည်ကိုအသုံးပြုပြီး Page အတုထူထောင်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းရေးသားဖြန့်ဝေခြင်းအပေါ် PNLA ဘက်က အသိပေးခဲ့သည်။

မူရင်းလင့် – https://shorturl.at/l4JGO

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့် ဝင်ငွေမရှိကြောင်း UNDP နှင့် UN Women ထုတ်ပြန်

0
မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် မည်သည့်ဝင်ငွေမျှ မရှိကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ...