ဆီဆိုင်မြို့မှ တဆင့် ကရင်နီပြည် လွိုင်ကော်ဘက်သို့ စစ်ကောင်စီ အင်းအားဖြည့်တင်းနေ

စစ်ကောင်စီ စစ်ကြောင်းများသည် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှတဆင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာဘက်သို့ အလုံးအရင်း စစ်ကြောင်း ထိုးနေကြောင်း ကရင်နီ စစ်ရေးသတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ တလျောက် စစ်ရှောင်နေစဉ်

စစ်ကောင်စီ စစ်ကြောင်းများသည့် မေ ၂၅ ရက် ညနေပိုင်းတွင် ကရင်နီ လွိုင်လင်လေးကျေးရွာသို့ ရောက်ရှိလာပြီး ဒေါတနာကျေးရွာဘက်သို့ ထပ်တိုးလာကြောင်း JOBS For Kayah မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းအလုံးအရင်း အင်အားဖြည့်မှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်လင်လေးကျေးရွာတွင် စစ်ရေး ထိတွေ့မှုရှိလာနိုင်သဖြင့် ပြည်သူများ သတိဖြင့်နေထိုင်ကြရန် JOBS For Kayah မှ တာဝန်ရှိသူက ပြောသည်။

“ အခုက အရင်လို မတူတဲ့ အချက်တွေက စစ်ကောင်စီတပ်သားတွေက ဒရုန်း ကောင်းကောင်းပါလာပြီး ကယန်းသာယာ၊ လွိုင်ကော်၊ခင်ဖုံလေး၊ ကုန်းသာတောင်ပေါ် တကြောတွေမှာ အထိုင်ချပြီး လွိုင်ကော်-မိုးဗြဲ ကို စစ်ကောင်စီက ထိန်းချုပ်ချင်တာ” ဟု JOBS for Kayah က တာဝန်ရှိသူ က ဆိုသည်။

ဆီဆိုင်စစ်ရှောင်

လက်ရှိမှာ စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး နှင့် ဒရုန်များကို အဆမတန် အသုံးပြုပြီး မြေပြင်စိုးမိုးရေးအတွက် ပြင်ဆင်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် လွိုင်ကော်မြို့တွင်း ၌ အရပ်သားဝတ်ဖြင့် လှုပ်ရှားနေပြီး တော်လှန်ရေး တပ်ဖွဲ့၊ စစ်ရေး သတင်းများကို စုဆောင်းနေကြောင်း၊ ပြည်သူများအနေဖြင့် ဂရုစိုက်သွားလာရန်လိုအပ်ကြောင်းလည်း တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုဆိုရင်လွိုင်ကော်မြို့ထဲမှာ ရပ်ကွက် ၊ လူနေအိမ်မှာ စစ်တပ်က ပစ္စည်းဝင်ယူနေတာရှိသလို တဖက်မှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်နေတာရှိတယ်။ စစ်ရှောင်တွေ လက်နက်ကြီးရန်ကာကွယ်ဖို့ ပြင်ဆင်ဖို့ သတိပေးချင်တယ်” ဟု တော်လှန်ရေးတပ်သားတစ်ဦးကဆိုပြန်သည်။

ယမန်နေ့ (မေ ၂၉)ရက်တွင်လည်း လွိုင်ကော်-ဒီးမော့ဆို အဝင်အထွဥ် လမ်းများကို စစ်ရေးအခြေအနေ အရ ယာယီပိတ်ထားလိုက်ရကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...